Chapter •ิ.• - 13(z+u)

2.2K 238 30
                                    

"Sunny သီချင်းပိတ်​လိုက်​ပါလား?"

Tiffany ​ခေါင်းကို အပြင်းအထန်​နှိပ်​ရင်း
ပြောသည်​။

"ဘာလို့လဲ..နင်​မကြိုက်​လို့လား?
နေမ​ကောင်းဘူးဆိုရင်​လည်း
ဆေး​သောက်​လိုက်​​လေ!!"

ယ​နေ့မှ sunny အလွန်​စကားများ​နေသကဲ့သို့ tiffany ခံစားရသည်​။

"ရတယ်​..နင်​ငါ့အခန်းထဲကထွက်​သွားရင်​သာ.. lock ချဖို့မ​မေ့နဲ့..!!"

Tiffany ​စိတ်​အ​ခြေအ​နေ ပုံမှန်
မဟုတ်​၍ sunny စကားဆက်​မ​ပြော​တော့ဘဲ ထွက်​သွား၏။

===========

"Fany နင့်​ကိုကြည့်​တာ မ​ပျော်​သလိုဘဲ!!
နင်​ကလည်း ဒီ​လောက်​​အောင်​မြင်​မှု
အတိုင်းအတာရတာ​တောင်​..မပြုံးနိုင်​​လောက်​​အောင်​..မဟုတ်​မှလွဲ​ရော..
နင်​နဲ့ nick ကြား ကိစ္စတစ်​ခုခု ရှိလို့လား"

"ငါအခုကိုင်​ထားတဲ့ coffeeခွက်​ နင့်​​ခေါင်း​ပေါ်မ​ရောက်​ခင်​ နင်​စကား​ပြောတာကို
ရပ်​ရင်​​ကောင်းမယ်​!!"

Tiffany စိတ်​ဆိုး၍ sunny ကိုမာန်​လိုက်​သည်​။ သူမဒီရက်​ပိုင်း မည်​သည်​ကို
အလိုမကျဖြစ်​​နေမှန်းမသိ​ချေ။ သို့​သော်
သူမ၏ မသိစိတ်​က တစ်​စုံတစ်​ခုကို
ဒေါသဖြစ်​​နေသ​​ယောင်​ ၊ ၀မ်းနည်းသလို
ခံစားရသည်​။

"ငါအဲ့လို အိမ်​​ထောင်​​ရေး​ဖောက်​ပြန်​တတ်​တဲ့ မိန်းမမဟုတ်​ဘူး..!! ငါဘယ်​​လောက်​ဘဲ taeyeon အ​ပေါ်သံ​ယောဇဉ်​မရှိလဲ
သစ္စာ​တော့မ​ဖောက်​ဘူး..!!
ငါသွား​တော့မယ်​..မနက်​ဖြန်​မှဘဲ​တွေ့​တော့မယ်​ !! ခုနက စကားအတွက်
Sorry!!"

Tiffany တံခါးကို ခပ်​ကြမ်းကြမ်း​စောင့်
ပိတ်​ပြီး..သူမအိမ်​တံခါး password ကိုရိုက်​လိုက်​သည်​။

=================

အ​မှောင်​ထုကသာ သူမကိုဆီးကြို​နေ၍
Tiffany ဧည့်​ခန်းထဲသို့ စမ်းတ၀ါးဝါး နှင့်​သာဝင်​သွားသည်​။

ပုလင်းတစ်​လုံးကို tiffany တိုက်​မိ၍
တိတ်​ဆိတ်​​နေသည့်​အိမ်​ကြီးမှ
အရှိန်​ပြင်းပြင်းနှင့်​ လိမ့်​သွားသည့်
ပစ္စည်းတစ်​ခု အခြားအရာဝတ္တုနှင့်
တိုက်​မိသည့်​အသံ ကျယ်​​လောင်​စွာတိုက်​လာသည်​။

M I R R O RWhere stories live. Discover now