မှန်မှာထင်ဟပ်နေတဲ့ သူပုံကိုကြည့်ပြီး
Tiffany မယုံနိုင်လောက်အော်အံ့သြနေသည်။ထိန်းသိမ်းမှုမရှိ၍ ပျက်စီး နေသော
မွဲခြောက်ခြောက်အသားအရေ ၊
Taeyeon ၏နေ့စဉ်ရက်ဆက် ရိုက်နက်မှု
ကြောင့် ဒဏ်ရာ ဒဏ်ချက်များနှင့် ပြည့်နေသော သူမမျက်နှာ...နှင့် ဖြူစုတ်စုတ်
နှုတ်ခမ်းရယ်မှာ အကျဉ်းတန်လွန်းသည်။Tiffany ပင်ပန်းလွန်းလှသည်။
မငိုရသည့်ရက်ဆိုသည်မှာမရှိသလို ၊
ဝမ်းနည်းရိပ်ဖုံးလွမ်းနေသော မျက်ဝန်းမှာလည်း မျက်ရည်ကသာ အဖော်အဖြစ်
ထာဝစဉ်တည်ရှိနေသည်။
ညတိုင်းအိမ်မက်ဆိုးများ၏ ခြောက်လန့်မှူကြောင့် ထိတ်လန့်နေပြီး ၊ အိပ်ရာနိုးတိုင်း
မရိုးသော taeyeon ၏စိတ်ပိုင်းဆိုင်ရာ
နှိပ်စက်မှုကို ခံစားရသည်။အပြင်လောက၏ နေအလင်းရောင်ကို
သူမ မခံစားရသည်မှာ လပေါင်းများစွာ
ကြာပြီဖြစ်သည်။ taeyeon ၏ထိန်းချုပ်မှု
အောက် သူမ ကြိုးဆွဲရာ ကသည့် ရုပ်သေးရုပ် ကဲ့သို့ ပြိုလဲသွားသည်။တစ်နေ့တာမရိုးနိုင်သော
တာဝန်များနှင့် taeyeon ၏စိတ်အလိုမကျရင် ရိုက်နက်တတ်သော
လက်များမှာလည်း tiffanyအတွက်
နေသားကျလာသည်။Taeyeon အတွက် မနက်စာ ပြင်ဆင်ပြီးနောက် သူမထိုစားပွဲခုံနှင့် ခပ်လှမ်းလှမ်းအဝေးတွင်ရပ်နေသည်။
နောက်ဆုံး taeyeon ၏ ဖိနပ်သံ ကြားရ၍ သူမ မျက်စိစုံမှိတ်ကာ လက်နှစ်ဖက်အား မီးထွက်မတတ်ပွတ်သည်။
မှန်၏..
Tiffany ~ taeyeon ရဲ့ ဖိနပ်သံ
ကြားသည်နှင့် ကြောက်လာသည်။"Tiffany Hwang !!"
Taeyeon ၏နှုတ်ဖျားမှ သူမ၏နာမည်ထွက်လာတိုင်း ကောင်းသည့်အကြောင်းအရာမရှိ၍ tiffany ကြောက်ရွံ့စွာ
Taeyeon အနားသို့တိုးသွားသည်။"ဒီနေ့ appa ဆီမှာ dinner သွားစားရမယ်..!! အဲ့တော့ မင်း အဆင်သင့်ပြင်ထား..!"