Chapter •ิ.• - 16 《Z + U》

2.7K 221 44
                                    

"Hyunnie ငယ်​ငယ်​တုန်းက ...
သိပ်​ချစ်​ဖို့​ကောင်းခဲ့တာဘဲ...!!"

ခြောက်​​သွေ့​နေသည့်​ပါးပြင်​ကာ..
မျက်​ရည်​များ​ကြောင့်​ တစ်​ဖန်​ပြန်
စိုစွတ်​လာပြန်​သည်​။ seohyun ငယ်​စဉ်​က ဓာတ်​ပုံများ​က သူမ၏​နောင်​တနှင့်
ဒဏ်​ရာအ​ဟောင်းကို ပြန်​လည်​တူးဆွ​စေသည်​။ taeyeon နှစ်​နှစ်​ကာကာပြုံး​နေရင်း လသားအရွယ်seohyun​​လေးကိုရင်​ခွင်​ထဲ​ပွေ့ထားကာ နမ်းရှုပ်​​နေသည့်​ပုံမှာ ကြည်​နူးစရာ​ကောင်းလွန်း၏။ သို့​သော်​ ထိုအရာသည်​အတိတ်​က ဖြစ်​ရပ်​ဆိုသည့်​အမှန်​တရားကို tiffany
မလွန်​ဆန်​နိုင်​​ပေ။

"မင်း..ဘာလုပ်​တာလဲ..tiffany !!"

Taeyeon~Tiffany ~လက်​ထဲရှိဓာတ်​ပုံများဆွဲလုကာ..တွန်းထုတ်​လိုက်​၏။

"ငါ......ဒီအတိုင်း​လေး...ကြည့်​ကြည့်​တာပါ
Taeyeon!!"

ဆောင့်​မိသွား​သော သူမပုခုံးကို
ကိုင်​ရင်း..tiffany ခပ်​တိုးတိုးသာပြန်​​​ဖြေ၏။

သူမ၏အ​ကြောင်းပြချက်​ကို လက်​မခံနိုင်​သည့်​taeyeon မှာ​တော့ သူမအ​ပေါ်
နာကျင်​မှုထပ်​​ပေးပြန်​သည်​။

သို့​သော်​ သူမtaeyeon အ​ပေါ်မမုန်းနိုင်​ခဲ့​ပေ။

=================

အနက်​​ရောင်​​ကောင်းကင်​ကျယ်​ကြီးနှင့်
ငွေ​ရောင်​ကြယ်​စင်​များကို အဓိပ္ပါယ်​မဲ့စွာ
Tiffany​ ​ရေတွက်​​နေသည်​။

သူမစိတ်​ချမ်းသာစရာတစ်​ခုတည်း​သောအချိန်​က ယခုကဲ့သို့ တိတ်​ဆိတ်​​နေသည့်​ ည သန်း​ခေါင်​ယံ ၌ အနားယူခြင်းသာ။

"Tiffany Hwang!!"

အရှိန်​နှင့်​ပွင့်​သွား​သော တံခါးနှင့်​အတူ
ရမ္မက်​​ဇော​ကြောင့်​ အ​ရောင်​​ပြောင်း​နေ​သော မျက်​၀န်းနှင့်​ taeyeon ၀င်​လာသည်။

Tiffany ၏လက်​နှစ်​ဖက်​ကို အတင်းအကျပ်​ဆွဲချုပ်​ကာ ပြင်းပြစွာနမ်းသည့်
Taeyeon ကိုနားမလည်​နိုင်​ပါ။

သူမမုန်းတီးသည့်​ tiffany အ​ပေါ် လွန်​လွန်​ကြူးကြူး ပြုမူ​နေသည့်​ taeyeonမှာ
အရိုင်းဆန်​​သော သားရဲကဲ့သို့ဖြစ်​​နေ၏။

M I R R O RWhere stories live. Discover now