ရင်သပ်ရှုမောဖို့ကောင်းတဲ့ စိမ်းစိုလှပတဲ့ တောင်တန်းကြီးတွေ။ ဘောဂ၀တီပြည်ကနဂါးမနဲ့ ဆေးမြစ်ရှာတဲ့ ဝိဇ္ဇာဓိုရ်တို့ရဲ့ ဇာတ်လမ်းတွေ။
ဒီဒေသဟာ ဒဏ္ဍာရီလာ သမိုင်းကြောင်းတို့နဲ့ လွမ်းဆွတ်စရာကောင်းလိုက်တာများ။
ထီးနန်းစည်းစိမ်ကို အလိုမရှ်ိပဲ ရသေ့ရဟန်းပြုကြတဲ့ ရသေ့ညီနောင်နှစ်ပါးဟာ တနေရာစီမှာ သီတင်းသုံးရင်း ကိစ္စကြီးငယ်တစုံတရာရှိရင် မီးနဲ့အချက်ပြလေ့ရှိတယ်တဲ့။
ရွေ့လျားနေတဲ့ အပြာရောင်Cable Carတန်းကို ငေးမောကြည့်ရင်း ငယ်စဉ်ကထဲက ရင်းနှီးခဲ့ရတဲ့ အကြောင်းအရာတို့ကို ပြန်တွေးမိသည်။
အတူစီးပေးမဲ့သူလဲ မရှိသလို၊ သူစိမ်းတွေနဲ့ စီးနင်းရမှာလဲ ၀န်လေးတာကြောင့် Cable Carအဆောက်အဦးရဲ့ ဘေးနားကနေ ငေးကြည့်ယုံသာ တက်နိုင်လေ၏။
လာတုန်းကတော့ တယောက်ထဲလဲ ဘာဖြစ်လဲ Cableစီးမယ်ဆိုပြီး အားတင်းလာခဲ့ပြီးမှ Cableတွေ မြင်လိုက်ရတော့ မစီးချင်တော့ဘူး။ စိတ်ကိုက ရူးတောတော ပေါကြောင်ကြောင်နဲ့။
တောင်တက်ကားတွေဆီက စက်သံ၊ တောင်အောက်ဆင်းမဲ့ကားကို စောင့်နေကြတဲ့ လူတွေရဲ့ဆူညံသံတွေနဲ့ ပတ်၀န်းကျင်ဂာ စည်ကားနေ၏။
ခါးပိုက်နှိုက်လဲ ကြောက်ရသေးတာကြောင့် ပိုက်ဆံအိတ်ကို ဂရုစိုက်ပြီး ဘုရားရင်ပြင်ပေါ် ပြန်တက်ဖို့ပြင်ရသည်။
တောင်တက်ခရီးကိုတော့ ကားနဲ့တက်ခဲ့ရပေမယ့် အပြန်ကိုတော့ မီးတုတ်လေးကိုင်ပြီး ခြေလျင်ဆင်းမည်ဟု ဆုံးဖြတ်ထားသည်။
လမ်းဘေးဝဲယာတစ်လျှောက်လုံးမှာ
တွေ့နေရတဲ့ ဈေးသည်တွေ၊ အထမ်းသမားရဲ့ ဘေးကပ်ခိုင်းတဲ့အသံတွေ၊ ကလေးတွေလူစုကွဲမှာစိုးလို့ အော်ဟစ်နေကြတဲ့ အသံတွေ။ဒီအသံတွေ၊ ဒီပတ်၀န်းကျင်၊ ဒီမြင်ကွင်းတွေဟာ သူ(မ)အတွက် ဘယ်တုန်းကမှ ရိုးအီသွားတယ်ဆိုတာ မရှိခဲ့ဘူး။ ပူပန်သောကမရှိခဲ့တဲ့ ကလေးဘ၀ကို ပြန်ရောက်သွားသလိုပါပဲ။
တယောက်ထဲဆိုပေမဲ့ ဖရဲသီး၀ယ်စားလိုက်။ မုန့်လက်ဆောင်း၀င်သောက်လိုက်။ selfieရိုက်လိုက်နဲ့ပဲ လှေကားထစ်တွေကို မမောမပန်း ကျော်ဖြတ်လာလိုက်သည်။
YOU ARE READING
Gladioli
RomanceNo Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020