💜 Extra - 6 💜

74.5K 6.4K 771
                                    

Unicode...
>>>>>>>>

.
.

၇ ရက်ခန့်ကြာသော် ...

၇ ရက်။ ဟုတ်တယ် Demon ဒီမိသားစုလေးထဲကိုရောက်လာခဲ့တာအခုဆို ငါးရက်တောင်ရှိခဲ့ပြီ။ ဒီအတောအတွင်း ဒီမိသားစုလေးရဲ့ငါးရက်တာနွေးထွေးမှု့။ချစ်ခင်မှု့နဲ့ပျော်စရာကောင်းတဲ့အချိန်တွေကိုဖြတ်ကျော်လာခဲ့တာ Demon အတွက် မြန်ဆန်လွန်းတဲ့မျက်စိတစ်မှိတ်အတွင်းလိုပဲ ။ ဖြစ်နိုင်မယ်ဆိုရင် ဒီအခိုက်အတန့် အချိန်တွေကိုရပ်တန့်ထားစေချင်မိတယ်။

' သားကြီး Demon.. Daddy တို့သုံးယောက် ဂေါက်ရိုက်သွားကြရအောင် '

' ဟုတ်ကဲ့ Daddy ကျွန်တော်လဲမနေ့က မကျေပွဲအမှတ်လေးဖြည့်ချင်နေတာ '

ပြောင်းလဲလာတဲ့ဆက်ဆံရေးနဲ့ Demon နှလုံးသားကလက်ခံလာနိုင်တဲ့ Daddy ဆိုတဲ့နာမ်စားနဲ့အတူ ပါးပါးရဲ့ချစ်ခင်မှု့အပြင် အကိုကြီး နဲ့ညီတစ်ယောက်လိုဆက်ဆံရေး ။

' ဟေ့ကောင်လေး မင်းမနေ့က ငါ့ကိုရှုံးတာအတွက် အကြွေးကျန်သေးတယ်နော်။ လစ်ပြေးဖို့မစဥ်းစားနဲ့ '

' စိန်လိုက်လေ ကျွန်တော်ဒီနေ့ အကိုကြီးကိုရအောင်အနိုင်ယူမှာ စောင့်ကြည့်လိုက် '

' ဟားဟားဟား မင်းတခြားနေရာတွေမှာသာဟုတ်လိမ့်မယ် ဂေါက်ရိုက်ပွဲမှာတော့မဖြစ်နိုင်ဘူး'

' အပိုတွေ '

ဧည့်ခန်းမှာ မိသားစုစုံညီစွာအချိုပွဲစားရင်းစကားစမြည်းပြောဆိုနေကြသည်။

Demon နဲ့ ဇိုင်းသုတ ရဲ့ တကျက်ကျက်ရန်ဖြစ်တာဟာကြာတော့ ဦးဇိုင်းတို့အိမ်ရဲ့ပုံမှန်လိုဖြစ်နေတာကြောင့် ဦးဇိုင်း နဲ့ သုသုလေး အပြင်နှိုင်းတို့ကလည်း သူတို့နှစ်ယောက်ကိုမတားတော့ပဲပြုံးပြီးသာကြည့်နေတော့သည်။

ယောက်ကျားလေးတွေချည်းပဲနေတဲ့အိမ်တော်မှာ အိမ်ရှင်မ မဟုတ်တောင် အစစအရာရာအားလုံးအပေါ်မှာသင့်တင့်ပြီးနွေးထွေးတဲ့အပြုံးတွေနဲ့ပြုံးနေတတ်တဲ့ ပါးပါး နဲ့ ကိုကို ပြီးတော့ ပိစိလေး ။ သူတို့အပြုံးတွေကကျွန်တော်Demonအပါအဝင် Daddy နဲ့ အကိုကြီးရဲ့ကမ္ဘာဖြစ်တယ်လေ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now