Episode - 20 (Z+U)

16.2K 1.5K 66
                                    

Unicode
..................

လေယာဉ်ပေါ်တွင်ပဲအချိန်ကုန်ခဲ့တာ ၂၁ နာရီ ကြာပြီးနောက် LA သို့ဆိုက်ရောက်ခဲ့သည်။

အခုချိန်မှာသူဘာကိုမှမတွေးချင်တော့ဘူး ။ သူ့ကိုမလိုအပ်တဲ့သူတစ်ယောက်ကို မေ့လိုက်သင့်ပြီ။

လေယာဉ်ဆိုက်ပြီးမှ LA လေဆိပ်ကိုဆင်းရာတွင် အကိုဘုန်းစစ်ပြောထားတဲ့သူကိုလိုက်ရှာနေမိသည်။

ထိုစဉ် ခွန်းဆက်အိမ်ရဲ့ပုခုံးကိုလာပုတ်သော လက်တစ်စုံကြောင့် ခွန်းဆက်အိမ် ကြောင်အသွားသည်။

" ကောင်လေးကခွန်းဆက်အိမ်လား?"

ခွန်း လှည့်ကြည့်လိုက်ရာတွင် လူကြီးဆန်သော အမူအရာတို့နှင့် စတိုင်ဘောင်းဘီနှင့် သပ်ရပ်သော တီရှုပ်တ်ို့ကို တွဲဖက်ဝတ်ဆင်ထားသည်။ နိုင်ငံခြားသားတစ်ယောက်ပီသစွာ အသားအရေတို့ဟိုလည်း ကြည်လင်ဖြူဖွေးတောက်ပနေသည်။ အကိုဘုန်းစစ် ပြောဖူးတာက ဒီလူက ထိုက်ရဲ့အခန်းဖော်တဲ့ ။

"ဟုတ် "

"လာ အိတ်ကိုပေး "

ဟုပြောရင်း ခွန်း လက်ထဲမှအိတ်တို့ကိုယူသွားလေသည်။ ခွန်းကတော့ သူ့လွယ်အိတ်လေးကိုသာလွယ်၍လိုက်လာခဲ့လိုက်သည်။

" ဟို...ဒါနဲ့...ဒီက"

လမ်းလျှောက်နေရင်းနှင့်မှ ခွန်း လည်းမေးလိုက်သည် ။

"အော် အကို့နာမည်က Rhonjay ။ Rhon လို့ခေါ်လဲရတယ် Jay လို့ခေါ်လဲရတယ် ။ အသက်က‌ေတာ့ ၂၂ ထိုက်နဲ့တူတူပဲလေ ။ ဘုန်းစစ်က အကိုတို့ထက်ကြီးပေမယ့် ခေါ်နေကြဆ်ိုတော့ ဘုန်းစစ်လို့ပဲခေါ်ဖြစ်ကြရော ။ မွေးရပ်ကတော့ မြန်မာပေါ့ မိဘတွေဆုံးကတည်းက အမျိုးတွေက LA ရောက်နေတာမို့ ဒီမှာပဲနေဖြစ်သွားတာ ဘုန်းစစ်နဲ့ထိုက်ရဲ့ညီလေးဆို "

" ဟုတ် အရင်းတော့မဟုတ်ပါဘူး "

"အင်းအင်း....ဘုန်းစစ် ဒီလောက်ဂရုစိုက်ဖူးတာ ထိုက်နဲ့မင်းပဲရှိသေးတယ် "

"အော် "

ဟုသာ ခွန်း လည်းပြန်ပြောလိုက်သည်။ အခုမှရင်းနှီးတဲ့သူမို့ စကားပြောရတာခက်ခဲနေသည်။ အကိုRhon ကတော့ သူ့ကို အဖတ်လုပ်ပြီးစကားပြောသည်။ သာမာန် သူငယ်ချင်းတွေလိုပဲ အကိုနဲ့စကားပြောရတာ ပွင့်လင်းတယ်လို့ခံစားရသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now