Episode - 43 (Z+U)

13.5K 1.1K 38
                                    

Unicode

.................

" ထိုက်စိုးစံအသံမဟုတ်လား ? "

" မင်းကိစ္စမဟုတ်ဘူးလို့ ငါပြောပြီးပြီထင်တယ် "

ဘုန်းစစ်ဟန် လည်းသူ့အရှေ့တွင်တရစပ်မေးနေတဲ့မာန့်ကိုကြည့်ရင်းဒေါသထွက်လာသည်။

" အဲ့တာဆို ငါမလုပ်ရဲဘူးထင်နေတာလား? အာကာထွဋ် ဘယ်ရောက်နေလဲဆိုတာငါသိတယ်နော် "

ဘုန်းစစ်လည်းဟင်းကနဲသက်ပြင်းချလိုက်သည်။ အခုမှတော့တကယ်ကိုဖုန်းကွယ်ထားစရာမလိုတော့ပေ ။ ဟေဇယ်မိုးနဲ့ထိုက်စိုးစံကိစ္စကလည်းရှင်းသွားပြီမို့ မာန့်ကိုလိမ်ထားစရာအကြောင်းမရှိဟုတွေး၍ ပြောပြရန်ဆုံးဖြတ်လိုက်သည်။

" အင်း ပိုင်သူဆိုတာ ထိုက်စိုးစံပဲ ။ ထိုက်ပြောတာက အမှန်တရားအတွက် သူပိုင်သူအဖြစ်နဲ့နေဦးမယ်ဆိုလို့ ။ ပြီးတော့ အခုလည်းပြသနာတွေရှင်းသွားပြီလေ ။ "

မာန်လည်းဘာမှမပြောလိုတော့ပေ ။ အကောင်ပေါက်ကိုလည်း စစ်ကိုနဲ့ထားခဲ့ရတာမို့ သွားရပေဦးမည် ။ နောက်တစ်ရက် အာကာထွဋ်ရော ဘုန်းစစ်နဲ့ပါအတူတူတွေ့နိုင်ရင် ရက်ချိန်းယူ၍ ဆေးရုံသို့သာပြန်လာခဲ့လိုက်သည်။

စိတ်ထဲတွင်လည်း ဟေဇယ့်ကိုသာပြောနေမိသည်။ မင်းတကယ်ကိုမှားသွားတာဟေဇယ်မိုး ။ မင်း ထိုက်စိုးစံနဲ့ ယုံမှားသတင်းတွေအတွက်ငါခွင့်လွှတ်ပေးလို့ရပေမယ့် ခွန်းဆက်အိမ် ကိုလာထိမိတာမင်းအရမ်းကိုမှားသွားပြီ ။ ငါကတကယ်လုပ်မှာမို့ ပြီးမှ ငါ့အဆိုးမဆိုနဲ့ပေါ့ ။

မာန်မောင်းလာသော ကားနက်ပြာလေးသည် ဆေးရုံဝန်းရှေ့တွင် တိကနဲရပ်သွားသည် ။

ခွန်း ရဲ့အခန်းထဲကိုဝင်လာတော့ နိုးနေပြီဖြစ်တဲ့ခွန်းကအခန်းအဝင်အဝကိုကြည့်လာသည်။ သိပ်မကြာလိုက် မျက်နှာလေးရဲ၍ မာန်နဲ့ဆန့်ကျင်ဘက်သို့လှည့်သွားလေသည်။

အသည်းယားလိုက်တာကွာ ။

မာန်လည်းစိတ်ထဲတွင်ပြောလိုက်ရင်း ခွန်းရဲ့ဘေးနားတွင်ဝင်ထိုက်လိုက်သည်။ မာန်ကအင်္ကျီလက်တိုဝတ်ထားတာမို့ မာန့်လက်ကဒဏ်ရာကိုမြင်လိုက်ရသည်။ မာန်ကထိုင်ပြီး ခွန်း ကလှဲနေတာမို့ မာန့်လက်ကောက်ဝတ်နဲ့ခွန်းမျက်နှာဟာနီးကပ်နေတော့သည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now