Episode - 41 (Z+U)

14.3K 1.2K 27
                                    

Unicode
....................

အာကာထွဋ် ဆိုင်ကယ်မောင်း၍ရှောင်ထွက်လာတဲ့လမ်းတစ်လျှောက်မှာစဉ်းစားမိသည်။ ဟေဇယ်မိုးလိုမျိုး မေတ္တာမရှိတဲ့မိန်းမနဲ့အတူတူမနေချင်တော့ပေ ။ ကိုယ့်ရဲ့သွေးသားအရင်းက်ိုတောင်ဖျက်ချပစ်ခဲ့တဲ့ သူမအတွက် အဲ့ထက်ရက်စက်တာရှိပါတော့မလား?

ဒီအတိုင်းတော့ ဇာတ်မသိမ်းချင်တာမို့တစ်ခုခုတော့ကြံရမည် ။ ဆိုင်ကယ်ကိုခဏရပ်ကာ တစ်ယောက်ယောက်က်ိုဖုန်းဆက်၍

" ကျုပ် ခင်ဗျားကိုလာတွေ့တာ လျှို့ဝှက်ထားပေးနိုင်မလား?"

အာကာ သူ့ဖုန်းထဲကလူကိုပြောလိုက်ရင်း အဖြေရသွားတာမို့ ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက်ဆိုင်ကယ်ကိုပြန်ကွေ့ကာ တစ်နေရာသို့ဦးတည်လိုက်လေသည်။ အချိန်အားဖြင့် ည ၉ နာရီလောက်ဖြစ်နေတာမို့ လူသွားလူလာနည်း၍သာ သူ့အတွက်အဆင်ပြေတော့သည် ။

................................။

" ဟင့်အင်း....မလုပ်ပါနဲ့.....ကြောက်....ကြောက်တယ်....က်ိုကို....ကိုကို....."

အနက်ရောင်ဝတ်စုံနဲ့လူဟာ ခွန်း ရဲ့ရင်ဘတ်ထဲသို့ဓားတွေကိုစိုက်ကာမွှေနှောက်နေသည်။ သူရဲ့ပုံရိပ်ကိုသူပြန်မြင်နေရသည်။

"တော်တော့ .... သူ....သူသေတော့မယ်...."

သူ့ရှေ့မှာမြင်နေရတဲ့ သူ့ပုံရိပ်တွေကိုကြည့်ရင်း သူ့ရင်ဘတ်တွေအောင့်တတ်လာသည်။
မရ‌ေတာ့ဘူး....အသက်ရှူလို့မရတော့ဘူး ။ လူတစ်ယောက်ကသူ့ကိုလည်ပင်းညစ်ထားတယ်...။ အား.....!

----------------

" ကိုကို.....ကယ်.....ပါ .....ကြောက်....ကြောက်....တယ်....မလုပ်ပါနဲ့.... အား....."

" ခွန်း! "

မာန် ကခေါ်နေသော်လည်း ခွန်း ကတော့ဘာတစ်ခွန်းမှပြန်မဖြေပေ ။ မာန် လည်းခွန်းကိုအားထည့်ကာလှုပ်နှိုးရသည်။

" ခွန်းဆက်အိမ်! သတိရလာစမ်းပါ ။ ကိုကိုခေါ်နေတယ်လေ.....!"

မာန် အားနဲ့လှုပ်နှိူးသော်လည်းမနိုးပေ ။ ဟင့်အင်းမဖြစ်ရဘူး......ခွန်း နိုးကိုနိုးလာရမယ် ။ခွန်းကတော့ ချွေးစီးတွေပြန်ကာ ကုတင်ပေါ်လူးလှိမ့်နေရင်း ကယ်ပါ....ကြောက်လို့.... ဟူ၍သာ ညည်းညူနေခဲ့သည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now