Episode - 42 (Z+U)

13.5K 1.2K 59
                                    

Unicode

...................

" အ့....ဘယ်သူလဲ? လွှတ်ဒီလက်ကို "

ဘုန်းစစ်ဟန် သူ့အနောက်ကနေ လှမ်းဖက်ထားသောသူကြောင့် ရုန်းမရဖြစ်နေလေသည်။

" က်ိုကို ဘယ်လိုလူတွေနဲ့စကားထိုင်ပြောနေတာလဲ ဟမ်! "

ဘုန်းစစ်ဟန် ကို ကားထဲမခေါ်ခင် အာကာနဲ့ထိုက်စိုးစံ အချေအတင်ဖြစ်ခဲ့ကြသေးသည် ။

ထိုက် ပြောတော့ အာကာကရယ်၍

" ဘယ်လိုလူလဲဆိုတော့ ငါက အမှန်တွေကိုပြောပြပေးနေတဲ့လူလေ အဟက်! "

" ထိုက် သူပြောတာတွေအကုန်တကယ်ပဲလား? "

" ...... "

" ဟုတ်နေခဲ့တာပဲ ..... ဘာလို့လဲ ဟမ်! "

" ကားထဲအရင်သွားရအောင် "

ဟုပြောရင်း ဘုန်းစစ်ဟန် ကိုခေါ်သွားလေသည်။

..........။

ကားထဲတွင် ....

ကားမောင်းနေသော ထိုက် ကို ဘုန်းစစ် သေချာစိုက်ကြည့်နေမိသည်။

" ဘာလို့အဲ့လိုလုပ်ရတာလဲ? "

" ........ "

" ငါကအဲ့လောက်အထိ တန်ဖိုးရှိနေလို့လား? ဘာဖြစ်လဲ အဲ့စာမေးပွဲမအောင်ရင်ရော ငါဘဝပျက်သွားမှာမို့လို့လား? အနည်းဆုံး ထမင်းတော့မငတ်ပါဘူးကွာ "

". ......."

ထိုက်ကတော့ကားမှန်ကနေတစ်ဆင့် ဘုန်းစစ် ကိုသာကြည့်နေခဲ့သည်။ အင်းလေ..... သူလည်းမှန်းထားပြီးသားပါ ။ တစ်ချိန်တော့ ကိုကို သိသွားမှာပဲလေ ။

" အကုန်လုံးက ငါ့ကြောင့်ချည်းပဲ "

" မဟုတ်ဘူး! အဲ့လိုလုံးဝမဟုတ်ဘူး ။ ကျွန်တော့်ဘာသာကျွန်တော်လုပ်ချင်လို့လုပ်တာ "

ဘုန်းစစ်ကတော့ကားထဲမှာသောင်းကျန်းနေလေသည်။

" တော်တော့ "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now