Episode - 27 (Z+U)

18.7K 1.2K 26
                                    

Unicode
....................

"အဲ့တာဆို ဒီနေ့ဒီလောက်ပဲနော် Zale အကိုပြန်ဦးမယ် ။ မောင် လိုက်ပို့ပေး "

" အင်း အင်း သွားတော့မယ်နော် Zale "

Rhon လည်း မျောက်အုန်းသီးရတဲ့မျက်နှာဖြစ်သွားကာ
Luous ကိုခေါ်၍ထွက်သွားလေသည်။
Zale က‌ေတာ့ ရေချိုး၍ လက်တော့ပ်ရှေ့ထိုင်ကာ လိုအပ်တာတွေကို လေ့လာနေလိုက်သည်။

******

" မောင်နော် မပြောချင်လို့ကြည့်နေတာ Zale အရှေ့မှာ ဘယ်လိုတွေဖြစ်နေတာလဲ အခုချက်ချင်းအဲ့လက်ကိုဖယ်လိုက် "

Luous က ဘောင်းဘီအတိုလေးကိုဝတ်ထားတာမို့ Rhon လည်းအသည်းယားစွာ ပေါင်တံဖြူဖြူလေးကိုပွတ်နေမိသည်။

" မဖယ်ရင် ခုတ်ဖြတ်မှာနော် "

ပြောလည်းမရပေ လုပ်မြဲတိုင်းပဲ ။
အခုသွားနေတာ Luous အိမ်မဟုတ်ဘဲ လမ်းလွဲနေတာကို သတိထားမိလိုက်တာမို့ ......

" မောင် အိမ်ပြန်တဲ့လမ်းမဟုတ်ဘူးထင်တယ် ဘယ်သွားနေတာလဲ "

" ကွန်တို ကို "

"ဘယ်လို? "

"အင်းလေ ဒေါ်လေး မောင်တို့အတွက် မင်္ဂလာလက်ဖွဲ့ပေးထားတဲ့ ကွန်တို ကိုလေ "

Luous လည်း Rhon ရဲ့အကြံကိုသိလိုက်တာမို့ ကြက်သီးတွေထသွားသည်။

" မရဘူး အိမ်ပဲပို့ပေး "

" မရ‌ေတာ့ဘူး.....မောင် အတော်ဖြစ်နေပြီ "

" ကားရပ်ကွာ "

Luous ကပြောတော့ မောင် က ရယ်ကာ

" မ ရ ဘူး! "

တစ်လုံးချင်းစီ ပြောလိုက်သော မောင့်ကြောင့် လူကအင်တင်တင်ဖြစ်သွားသည်။ သေချာသည်။ ဒီနေ့အတွက်တော့ နေ့ညမရှောင်တဲ့ မောင် စားတာခံရဦးမယ့် သူပါပင် ။

" ဟို... ဟို...."

"အင်းပြောလေ "

" တစ် တစ်ကြိမ်ပဲရမယ်နော် "

" အဲ့တာတော့မပြောတတ် "

ဟင်း ပြောရင်းနဲ့တောင်တကယ်ကိုကြက်သီးထသည်။
မောင် ကတကယ်လုပ်ပြီဆို ၃ ချီ လောက်ကအသာလေးပါပဲ ထမင်းစားရေသောက်လောက်ပဲရှိတယ်လေ ။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now