Episode - 39 (Z+U)

14.6K 1.5K 69
                                    

Unicode
....................

ခွန်းဆက်အိမ် ကို မ,ချိီ၍ ဆေးရုံသို့အလောတကြီးပြေးထွက်လာသည်။ သူ့စိတ်ထဲတွင်အခြားဘာမှမသိပေ ။ အခုချိန် ခွန်း ပြန်သတိရလာဖို့သာ ဆုတောင်းနေမိသည်။

အရေးပေါ်အခန်းထဲသို့ပို့၍ မာန် က‌ေတာ့ အပြင်မှာထိုင်စောင့်နေမိသည်။ စိတ်ထဲတွင်လည်း ခွန်း မြန်မြန်သတိရဖို့သာဆုတောင်းနေမိသည်၊ သွေးထွက်လွန်နေတာမို့ အကယ်၍များ.....ဆိုတဲ့ အတွေးကြီးက သူ့ကိုသေအောင်သတ်နေသလိုပင် ။

ကိုကို တကယ်နောင်တတွေရနေပြီ ၊ ခွန်းပြောခဲ့သလို တကယ်နောင်တတွေရနေတာမို့ ပြန်နိုးထလာပေးပါ ။ ကိုကို ဘာမှမလိုချင်ဘူး ၊ ခွန်း ပြန်နိုးထလာရင် အရာအားလုံးကိုပေးဆပ်ရဲတယ် ။

အကယ်၍ ကိုကို့အသက်နဲ့ခွန်းအသက် ၂ ခုထဲကတစ်ခုရွေးရမယ်ဆိုရင် ကိုကို ပဲအသေခံမယ် ။ ခွန်း ကိုဘာမှအဖြစ်ခံနိုင်မှာမဟုတ်ဘူး ။

ခွန်း ပြန်လာခဲ့ပါ ။ ကိုကို ခွန်း ကလွဲပြီးအရာအားလုံးကိုစွန့်လွှတ်နိုင်တယ် ။ စည်းစိမ်တွေလား? ရတယ် ဘယ်အရာမှ ခွန်း လောက်အရေးမကြီးဘူး ။ တစ်ခုပဲ ပြန်နိုးထလာပေး ။

ခွန်း ပြန်မနိုးလာရင် ဘုန်းစစ်ဟန် ဆိုတဲ့အကောင်ကို ကိုကိုသွားသတ်ခိုင်းမှာ ။ မင်းရဲ့မိဘတွေကိုလည်း ကိုယ်ဒုက္ခရောက်အောင်လုပ်လိုက်မှာနော် ။

ကိုယ် ဘာဆက်လုပ်ရမလဲ? ကိုယ်တကယ်ရှုံးနေပြီ ၊ ကိုယ့်ဆီမှာ ဘာမှမရှိတော့တာမို့ ခွန်း သာပြန်နိုးထလာပေးပါ ။ ကိုကို တကယ်တောင်းပန်ပါတယ် ။

သိတယ်မဟုတ်လား? နောင်တဆိုတဲ့အရာတွေက တစ်ဖက်လူကိုလှလှပပကြီးပြုစားနိုင်တယ် ။ မင်းပေးခဲ့တဲ့နောင်တတွေကြောင့် ကိုယ်တကယ်ရူးတော့မယ် ။

ခွန်း သတိရလာတာနဲ့ တစ်သက်လုံးခွန်းစိတ်တိုင်းကျဖြစ်စေရမယ် ။ ဒီလိုနေရာတွေမှာမနေချင်လည်းရတယ်နော် ။ လူတွေနဲ့ဝေးရာ တစ်နေရာလေးမှာ ကိုကိုတို့၂ယောက်တည်းနေကြမယ် ။ တောတောင်ရေမြေအလှအပတွေကို အတူတူကြည့်ကြမယ် ။

မင်းကကိုယ့်အပေါ်ကိုမှီပြီး ကိုယ်ကတော့ မင်းကိုပွေ့ရက်လေးပေါ့ ။ နေထွက်ချိန် နေဝင်ချိန်တွေကိုအတူတူကြည့်ကြမယ် ။ အရမ်းချမ်းနေရင် ဖက်ထားပေးမယ် ။ ကို့ကလေးလေးက အချမ်းမှမခံနိုင်ဘဲလေ ။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now