Episode - 15 (Z+U)

17.6K 1.5K 45
                                    

Unicode

..................

"အင်း....အဆင်ပြေတယ် အိပ်သွားပြီ "

( သေချာဂရုစိုက်ပေးလိုက်နော် ထိုက် အားကိုးပါတယ် တစ်ပတ်လောက်ပဲထပ်နေပေး အိမ်ကိုအပြင်ကနေသော့ခတ်ထား မင်းလည်းအပြင်မထွက်နဲ့ ငါလာလို့မရဘူး ငါ့ကိုဆက်တိုက်စောင့်ကြည့်နေတာမို့ အခုဝယ်စရာရှိတာတွေဝယ်ပြီး အိမ်ကိုပြန်လာတာနဲ့ အပြင်ကနေသော့ခတ် ဘယ်လိုခတ်ရမလဲသိတယ်နော် အဲ့တံခါးကိုသော့ခတ်ပြီး မြေအောက်တံခါးကနေပြန်ဝင်)

"အာ.....အကိုရယ် မှာတာတွေကများလိုက်တာ တစ်ပတ်တည်းနော် "

(အင်း....ဒီကြားထဲမှာ ခွန်း နိုင်ငံခြားသွားဖို့အတွက် ငါအကုန်လုပ်ပေးမယ်)

" ဘယ်လို "

(အင်း....ဒီမှာဆက်ရှိနေလို့ကတော့ မုန်းမာန်စစ်သွေး ကသူ့ကိုတစ်နေ့တော့တွေ့သွားမှာပဲ မဖြစ်နိုင်ဘူး မင်းလည်းသူ့အင်အားကိုသိနေတာပဲ မင်းတောင် မြန်မာကနေထွက်သွားခဲ့ရတာပဲလေ)

"အမ်.....အိုကေ....အိုကေ"

ဘုန်းစစ်ပြောမှပဲ ထိုက်လည်းသက်ပြင်းချမိလိုက်သည်။

ဖုန်းလေးကိုပိတ်ရင်း လွန်ခဲ့သော ၃ နှစ်ကအကြောင်းတွေကိုပြန်စဉ်းစားလိုက်သည်။

" ထိုက် နင်ငါ့ကိုတကယ်မကြိုက်တာလား?"

" နင့်မှာလဲ ရည်းစားရှိတယ်လေ ငါ့ကိုလိုက်ကပ်မနေနဲ့"

"ငါသူ့ကိုမချစ်ဘူး....ပြီးတော့....ငါ မာန်နဲ့ပြတ်သွားပြီ"

ဟေဇယ်မိုး ဆိုသောမိန်းကလေးဟာ လိမ်ညာပြောဆိုလိုက်သည်။

" ငါမယုံဘူး သူကနင့်ကိုဒီလောက်ချစ်တာကို "

၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်တို့သည် ခုံတန်းလေးမှာထိုင်ရင်းစကားပြောနေကြသည်။

ဟေဇယ် က English မေဂျာဖြစ်သလိုထိုက် ကလည်း English မေဂျာရောက်သွားတာမို့ စတွေ့တဲ့ရက်မှာပဲ သူငယ်ချင်းမရှိတဲ့သူတို့အတွက် ၂ ယောက်ဟာ အရိုးသားဆုံးခင်ခဲ့ပြီးမှာတော့ ကောင်မလေး ဘက်ကစ၍စည်းဖောက်လာခဲ့သည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now