Episode - 8 (Z+U)

19.7K 1.7K 224
                                    

Unicode
...................

ဆရာဝန် က ဆေးရုံဆင်းလို့ရပြီဆိုတာကြောင့် မာန်လည်း ခွန်းဆေးရုံမှဆင်းရန်လိုက်ကူညီပေးရသေးသည်။ အိမ်ပြန်ဖို့ခွန်းကိုတွဲကာ အခန်းထဲမှအထွက်ဖုန်းဝင်လာသည်။

"ဟယ်လို "

( ဘယ်သူလဲမသိဘူးရှင့် မိန်းကလေးကရှင့်ဆီက်ိုဖုန်းခေါ်ခိုင်းလို့ပါ)

"ဘယ်သူလဲ ကျွန်တော်မသိ....."

( မာန်....! )

ဟူသော ဖုန်းထဲကနေ တစ်ခဏတာကြားလိုက်ရသော အသံကြောင့်ဟေဇယ်ဖြစ်နေမယ်မှန်းသိလိုက်သည်။

" သူဘယ်လိုဖြစ်တာလဲ "

( အရက်မူးပြီးမှောက်နေလို့ပါ ရှင်လာခေါ်မှပြန်မယ်ဆိုလို့)

"အခုလာခဲ့မယ် "

မာန် လည်း ခွန်းကိုလက်တွဲထားရာမှဖြုတ်ချကာ

" ငါသွားမှရမယ် စစ်ကို ခွန်းကိုသေချာပြန်ပို့ပေးလိုက် "

မာန် က ခွန်းရဲ့လက်ကိုဖြုတ်ချတော့ ခွန်းက လက်ကိုပြန်ဆွဲထားသည်။

" မသွားပါနဲ့ "

"မင်းမှာတားခွင့်မရှ်ိဘူး "

မာန် လည်းခပ်ပြတ်ပြတ်ပြောကာ ဆေးရုံထဲမှ ထွက်လာလိုက်သည်။ ခွန်းကတော့မျက်နှာငယ်လေးနှင့်ကျန်ခဲ့လေသည်။

" သွားမယ် ခွန်း "

စစ်ကို ပြောမှ ခွန်း လည်းအသိပြန်ဝင်လာကာ ခေါင်းငြိမ့်ပြလိုက်သည်။

အခုချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ခွန်းဘေးနားမှာရှိနေသင့်တယ်မဟုတ်လား? ဘယ်လိုကိစ္စတွေကြောင့်များ ခွန်းကိုထားခဲ့ပြီးတော့တောင်ထွက်သွားနိုင်ရတာလဲဟုသာ တွေးရင်း ငိုမိသည်။ စစ်ကိုကတော့အနောက်ခန်းမှာထိုင်၍ ငိုနေသောခွန်းကိုကြည့်၍စ်ိတ်မကောင်းပေ။

စစ်ကို လည်းတွေးလိုက်မိသေးသည်။ အကယ်၍ Boss သာအရင်လူနဲ့ပြန်ဆက်ဖို့ကြံခဲ့ရင် ၊ ပြန်ဆက်ခဲ့သည်ရှိသော် ခွန်းကိုသူကိုယ်တိုင်လွတ်မြောက်အောင်လုပ်ပေးမည် ဟူ၍ပင်။

မာန် လည်းဟေဇယ်ကိုပစ်ပစ်ခါခါငြင်းခဲ့ဖူးပေမယ့် တစ်ချိန်ကအသက်တမျှချစ်ခဲ့ရသူမို့ မမေ့နိုင်ဘဲ စွဲလမ်းနေတုန်းပဲ ။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now