Episode - 38 (Z+U)

15.3K 1.2K 31
                                    


Unicode
...................

တီ....တီ....တီ....

ဘုန်းစစ် လည်း ကားတစ်စီးအိမ်ရှေ့မှာ လာသောင်းကျန်းနေတာမို့ ထကြည့်လိုက်သည်။

မြင်လိုက်သော ကားနက်ပြာလေးကြောင့် မာန်ဆိုတာကိုသိ၍

" သေပြီ သေပြီ ထိုက်ရေ နောက်ဖေးပေါက်ကနေသာပြေးတော့ "

ထိုက် လည်းကြောင်တောင်တောင်နှင့်ပင် နောက်ဖေးပေါက်ကနေခုန်ချလိုက်သည်။ သံနှင့်ခြစ်မိသွားသောကြောင့် လက်ဖဝါးကွဲသွားလေသည်။ နာကျင်တာကိုလစ်လျူရှူ၍ အိမ်အပြင်၍ ရပ်ထားခဲ့သော သူ့ရဲ့ကားကိုမောင်း၍ အန်တီတို့အိမ်ကိုပြန်လာလိုက်သည်။

လက်ကသွေးတွေဟာလည်းတစ်စက်စက်ဖြင့်ကျနေလေသည် ။ ကားတောင် အကိုဘုန်းစစ် ခြံထဲမသွင်းထားမိလို့တော်သေးတယ်ဟူ၍ တွေးလိုက်ရသည် ။

--------------

အိမ်ရှေ့တွင်

" ဘုန်းစစ်ဟန် အခုချက်ချင်း ခွန်း ကိုထုတ်ပေး ကျုပ်အကုန်သိပြီးပြီ ။ ဘုန်းစစ်ဟန်! ထပ်လိမ်ဖို့မကြိုးစားနဲ့ "

" မင်းကရော သူ့ကိုဂရုစိုက်ခဲ့လို့လား? အခုမှဘာစောက်စကားတွေလာပြောနေရတာလဲ? "

ဘုန်းစစ် လည်းခြံပြင်က မာန့် ကိုအိမ်ထဲကနေအော်ပြောလိုက်သည်။

ထို့နောက် ဘုန်းစစ် ကဘကြီးကိုပြောလိုက်တာမို့ ဘကြီးက ခြံတံခါးကိုဖွင့်ပေးလိုက်တာနှင့် မာန် လည်းဒေါသတို့ဖြင့် အိမ်ထဲသို့ဝင်လာသည်။

-----------------

ရေချိုးနေရင်း အောက်ထပ်ကအသံကြားတာမို့ လက်စသတ်၍ အင်္ကျီအပါးလေးတစ်ထည်ဝတ်ကာ အောက်ကိုငုံကြည့်တော့ ဘယ်တော့မှ မမေ့နိုင်တဲ့ ကားတစ်စီးကခြံရှေ့တွင်ရပ်ထားတာကိုမြင်လိုက်ရသည်။

" ဝုန်း ! မင်း ၄ နှစ်တောင် ခွန်း နဲ့မပတ်သတ်ဘူးလို့ ငါ့ကိုလိမ်နေခဲ့တာပဲ ။ ပြောစမ်း မင်းတို့ဘယ်အခြေအနေအထိရောက်နေကြပြီလဲ "

" အရေမရတဲ့စကားတွေလာမပြောနဲ့ ၊ မင်းဆီမှမနေချင်လို့ထွက်ပြေးလာတဲ့ ကောင်လေးတစ်ယောက် ကိုစောင့်ရှောက်ပေးခဲ့ရုံပဲ "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now