Episode - 45 (Z+U)

17.3K 1.1K 109
                                    

Unicode

....................

ထိုက်လည်းဘုန်းစစ်ကိုရအောင်ချော့၍ အိမ်ကိုပြန်လာလိုက်သည်။ အိမ်ပြန်ရောက်လာတော့ ည၇နာရီကျော်နေပြီမို့ တစ်ခုခုမှာစားလိုက်သည်။ အန်တီတို့ဆီမှာ အဝတ်တွေသွားယူမယ်လုပ်တော့ ဘုန်းစစ်ကဆွဲတားပြီး ဗီရိုကိုဖွင့်ပြလိုက်သည်။

" ဒီမှာ ပုစိအဝတ်တွေ "

" အော့ "

ထိုက်ကလည်းဘုန်းစစ်ကိုမစရရင်မနေနိုင်တာမို့ ခပ်မဲ့မဲ့ပြုံးပြလိုက်သည်။ ဘုန်းစစ်ကတော့မျက်စောင်းကိုသာခဏခဏထိုးနေလေသည်။

အခန်းရှင်းကြပြီး၍အချိန်ကိုကြည့်လိုက်တော့ ည ၉ နာရီထိုးနေခဲ့ပြီ ။

" ထိုက်လာအိပ်တော့ ဖုန်းနောက်မှသုံး "

မနက်ဖြန်လည်းပင်ပန်းဦးမှာလေ ။ မြို့ပြင်အထိတောင်ဆိုတော့ တကယ်ပင်ပန်းမှာ ။ အဲ့တာကိုမအိပ်သေးဘဲ ဖုန်းသုံးနေသေးသည်။

" ထိုက် ကိုကိုခေါ်နေတယ်လေ! မနက်ဖြန်ကျရင်ပင်ပန်းမှာ အခုလာအိပ် "

သူပြောတာကိုဂရုမစိုက်ဘဲ ဂိမ်းကိုသာဆော့နေသော ထိုက်ကြောင့် ဘုန်းစစ်လည်းပြောမနေဘဲ တစ်ဖက်ကိုလှည့်၍ အိပ်လိုက်တော့သည်။

*Defeat *

ဂိမ်းအသံက "Vistory " အစား " Defeat " ထွက်လာတာမို့ အိပ်နေတဲ့ဘုန်းစစ် ပြုံးလိုက်သည်။ သူ့စကားကိုဂရုမစိုက်ဘဲ ဂိမ်းပဲဆော့နေလို့ ရှုံးတာ ဟားဟား! မကြာခင် မှာပဲထိုက်ရဲ့ဆဲဆိုသံတွေဟာ အိမ်ထဲပျံ့သွားတော့သည်။

" ဟာ....သေပြီ ။ skill အဲ့လောက်တောင် nob ရလား?
အပြင်မှာတွေ့မှအသေဆော်ပစ်ဦးမယ် ။ ငါ့ကြယ်တစ်လုံးလျော့သွားပြီ ။ ကျက်သတုံးကောင် ။ ငါ Legend ကိုပြန်ကျရင်ဒင်းသေပြီ ။ ကိုကို...သိလား? အဲ့ကောင်က..."

ထိုက်ပြောရင်း သူ့ကိုကျောခိုင်းကာအိပ်နေသောကိိုကို့ကြောင့် စကားတို့ရပ်သွားရသည်။
ဘာတုန်း ။ အိပ်သွားတာလားဟ ။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now