Episode - 5 ( Z+U)

24.9K 2K 55
                                    

Unicode
..................

မောင်း၍လာနေသော ကားနက်ပြာရောင်လေးသည် ကုမ္ပဏီ တစ်ခုရှေ့သို့ဆိုက်ရောက်ခဲ့သည်။ ကား ကိုပါကင်ထိုး၍ ကုမ္ပဏီပေါ်သို့တက်လာလိုက်သည်။

ကုမ္ပဏီသို့ဝင်လာသည်နှင့် အကုန်လုံးကသူ့ကိုအရိုအသေပေးကြသည်။ ပြီးတော့ စစ်ကိုလည်း မာန့်အရှေ့ကိုလျှောက်လာကာ

"Boss နောက်နာရီဝက်လောက်ဆို ကိုဘုန်းစစ်ဟန် တို့ရောက်တော့မယ်လို့ပြောတယ် "

"အားလုံးဘယ်နှယောက်လဲ"

" အခုလက်ရှိတော့ သူနဲ့ သူတပည့်တစ်ယောက်တည်းပါ ဆောက်လုပ်ရေးစတော့မှ လူတွေထပ်ဖြည့်မယ်လို့ပြောပါတယ် "

"ကောင်းပြီ စစ်ကို ။ သူတို့ အတွက်ဧည့်ခံစရာတွေပါတစ်ခါတည်းယူလာခဲ့ "

"ဟုတ်ကဲ့ Boss . အခုပဲသွားပြင်လိုက်ပါတော့မယ် "

"သွားတော့ "

မာန် လည်းလက်ကို လှုပ်ရုံလောက်ခါ၍ စစ်ကို ကိုသွားခိုင်းလိုက်သည်။ ဝန်ထမ်းမလေး ကမာန့်ရဲ့အိတ်ကိုယူကာ ရုံးခန်းထဲလိုက်ပို့ပြီးတာနဲ့ ပြန်ထွက်၍ဧည့်သည်တွေအတွက် ပြင်ဆင်ဖို့ လုပ်ရသေးသည်။

မာန်ကတော့ ခုံမှာ ထိုင်းရင်း စဉ်းစားနေမိသည်။ ဒီနေ့ ခွန်း ကို အလုပ်တွေလုပ်ခိုင်းတာများမှားသွားပြီလား? အရမ်းပင်ပန်းခဲ့တာကို ၁ ရက်လောက်တော့ အနားယူသင့်တာကို လေ။

ဒါပေမယ့် သူ မလုပ်ခိုင်းရင် ခွန်းထွက်ပြေးဖို့ထပ်ကြိုးစားဦးမည်။ ထွက်သွားမှာကိုကြောက်တာမို့သာ မတတ်သာပဲလုပ်ရခြင်းဖြစ်သည်။

လာချပေးသော ကော်ဖိီကိုသောက်ရင်း စာချုပ်အတွက် လိုအပ်တာတွေကိုပြန်စစ်နေလိုက်သည်။

ဒေါက် ဒေါက်....

"Boss "

တံခါးခေါက်ကာ ဝင်လာသော စစ်ကိုကြောင့် အလုပ်တွေကိုအဆုံးသတ်လိုက်သည်။

"Boss သူတို့ကားပါကင်ကိုရောက်နေကြပြီလို့်ပြောတယ် "

"အင်း....အကုန်အသင့်ပြင်ထား "

"Yes Boss"

နေစစ်ကို လည်းပြောရင်းနဲ့ပင်ထွက်သွားကာ ဘုန်းစစ်ဟန်တို့ကိုသွားကြိုရသည်။
.
.
.
.
.
.

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now