Episode - 28 (Z+U)

14K 1.2K 47
                                    

Unicode
...................

"Hello! မာန် "

အလုပ်ဆင်းခါနီး သူ့ရုံးခန်းကိုပြုံးရွှင်စွာ ဝင်လာသော ဟေဇယ့်ကြောင့် မာန် အံံ့သြသွားသည်။

" ဘာကိစ္စရှိလို့လဲ ဟေဇယ် "

" အော် ညကျရင်ထမင်းတူတူစားကြမလားလို့ပါ ဟေဇယ်ဝယ်ကျွေးမယ် ဒီနေ့ပျော်နေလို့ "

" အာ ကိုယ် မအားဘူး "

" လုပ်ပါ တစ်ခါပဲလေနော် "

မာန် လည်း စဉ်းစားလိုက်ရင်း အားနာတာမို့ လက်ခံလိုက်သည်။

" အင်း အဲ့တာဆို ကိုယ့်ကိုခဏစောင့်နော် "

" ok!"

ဟုပြောရင်း ပြင်ဆင်နေသော မာန့် ကိုမာန့်ရဲ့ရုံးခန်းထဲမှာထိုင်စောင့်နေလိုက်သည်။ မာန်လည်းပြင်ဆင်ပြီး၍ ဟေဇယ့် ကိုခေါ်ကာ စားသောက်ဆိုင်တစ်ဆိုင်သို့ရောက်လာလေသည်။
အချိန်အားဖြင့် ည‌ေန ၅ နာရီ ။

" မာန် သိလား ဒီဆိုင်ကနာမည်ကြီးပဲ ပင်လယ်စာပဲရတာ အသစ်ဖွင့်တာမကြာသေးဘူး မာန့်ကိုပထမဆုံး ဟေဇယ်ခေါ်လာတာပဲ "

" ကျေးဇူး ကိုယ်ပဲကျွေးပါ့မယ်နော် မိန်းကလေးဆီကစားရတာ မကောင်းဘူးထင်တယ် "

" အို သူစိမ်းတွေမှမဟုတ်ဘဲလေ စားပါ ဟေဇယ်ပဲဝယ်ကျွေးပါ့မယ် "

ပြောရင်း ပြုံးရယ်နေသော ဟေဇယ့်ကိုကြည့်ကာ မာန် လည်းစိတ်ထဲတစ်မျိူးဖြစ်သွားသည်။ ပြုံးနေသော အပြုံးတို့ကိုဘဝင်မကျသလိုကြီးဖြစ်နေလေသည်။ မနေနိုင်တော့တဲ့အဆုံး...

" ဟေဇယ် အရမ်းပျော်နေတယ်ထင်တယ် ဘာကိစ္စများရှိလို့လဲ"

" အော် ဒီလိုပါပဲ အရှုပ်ထုတ်တွေ ရှင်းသွားလို့လေ "

မာန် လည်းဘာမှဆက်မပြောတော့လဲ မီနူးကိုသာကြည့်နေလိုက်သည်။

.............................။

ထိုက် တို့လည်းဆေးရုံထဲက ကားပါကင်ကိုလာ၍ ကားကိုစက်နှိုးလိုက်သည်။ အထုတ်တွေတင်ရင်း ကားလေးကို ကားပါကင်ထဲမှ မောင်းထွက်လာလိုက်သည်။

သူတို့ကားရပ်ခဲ့သည့်နေရာတွင်တော့ ဆီ တွေ အကွက်လိုက်ဖြစ်နေသည်ကို သူတို့မသိပေ ။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now