Episode - 22 ( Z+U)

15.1K 1.4K 22
                                    

Unicode
.......................

စစ်ကို တောင်ပြန်ပြောချိန်မရဘဲ အခန်းထဲဝင်သွားကြတဲ့ ဘုန်းစစ်ဟန်တို့ကြောင့် စစ်ကိုခေါင်းမီး‌‌ေတာက်လာရသည်။ တကယ်ပဲ သူ့ကို ဘယ်သူ့မှမကယ်နိုင်ကြတော့ဘူးလား!!!!!!!

"Boss ဒါကလေ အယ့်.... "

"ထိုင်ပါဦး ကိုဘုန်းစစ် "

တော်သေးတယ် စစ်ကိုထင်ထားတာက ဘုန်းစစ်ဟန် တို့သာဝင်သွားရန် ဝုန်းဒိုင်းကြဲနေမယ်ထင်ထားတာ ဒီလိုကျတော့လည်းငါ့Boss ကမဆိုးပါလား!

" ရပါတယ် မြေနေရာကိစ္စအတွက် လူကိုယ်တိုင်တွေ့မှရမယ်ထင်လို့ ရောက်လာတာ "

"ပြောပါဦး "

နှစ်ယောက်သားထိုင်၍ အလုပ်ကိစ္စတွေပြောကာနေလေသည်။ တော်သေးတယ် ။ boss သာဝုန်းဒိုင်းကြဲရင် ကြားထဲကခံရမှာက စစ်ကိုပင်ဖြစ်နေလေသည်။

အလုပ်ကိစ္စပြောရင်း ရယ်မောနေကြသော သူတို့၂ယောက်ကိုကြည့်၍ စစ်ကို သက်ပြင်းချလိုက်ကာ ရေသောက်လိုက်သည်။ ခေါင်းထဲကအပူတွေငြိမ်းသွားသလိုပင် ။

" ဟုတ်ကဲ့ကျေးဇူးပါ "

မာန် ကကျေးဇူးတင်စကားပြောရင်း ထိုင်နေရာမှထကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"အဲ့တာဆို လိုက်မပို့တော့ဘူးနော် ကိုဘုန်းစစ် "

မာန် လည်းဘုန်းစစ်ရဲ့အနားကိုကပ်ကာ

" ကောင်လေးတစ်ယောက်ကိုရှာရဦးမယ် "

ဘုန်းစစ် လည်းမသိမသာပြုံးလိုက်သည်။ သို့သော်လည်း ထိုအပြုံးကိုမာန်တွေ့သွားခဲ့သည်။

" ဒါပေါ့ မြန်မြန်ရှာတွေ့ပါစေ မုန်းမာန်စစ်သွေး "

" တွေ့မှာပေါ့ဗျာ "

အချေအတင်ဖြစ်တော့မည့် အခြေအနေမို့ စစ်က်ိုလည်း စားပွဲကိုမှီကာ မတ်တပ်ရပ်နေရင်းနှင့်ပင်

" အဲ့တာဆို ကျွန်တော်ပဲလိုက်ပို့ပေးပါ့မယ် ကိုဘုန်းစစ်ဟန် "

ဘုန်းစစ် လည်း မာန့် ကို ရယ်ပြ၍ လှည့်ထွက်လာလိုက်သည်။ စစ်ကို လည်း ဘုန်းစစ် အနောက်မှလိုက်လာရင်းသက်ပြင်းတွေသာဆက်တိုက်ချမိနေသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now