Episode - 30 (Z+U)

14.2K 1.2K 43
                                    

Unicode
....................

မြစ်ကျယ်ကို ဗဟိုချက်ထား၍ ထိုက်စိုးစံကိုနေ့ရောညပါ ကြိုးစားရှာဖွေခဲ့ကြသည်။ သို့ပေမယ့် သဲလွန်စတစ်ခုတောင်မရခဲ့ပေ ။

၁ ရက်

၂ ရက်

၃ ရက်

အချိန်တွေက ၂ ပတ်တောင်ကြာသွားသည်။ အခုဆို ထိုက် သေသလား ရှင်သလားတောင် မသ်ိရဘဲ ပျောက်နေတာ ၁ လတောင်ပြည့်တော့မည် ။

ဟေဇယ်ကတော့ အမြဲတမ်းပြုံးပျော်နေတဲ့မျက်နှာနှင့်သာ ထုံးစံအတိုင်း မာန့် ဘေးမှာပဲကပ်နေလေသည်။
ဘုန်းစစ် လည်းနေပြန်ကောင်းလာတာနဲ့ မာန့် ဆီကိုအရင်သွားခဲ့သည်။

" မုန်းမာန်စစ်သွေး! "

ဟုခေါ်ရင်း စစ်ကို တားနေတာကိုတောင် အခန်းထဲသို့ ဝုန်းကနဲ ဝင်သွားသည်။

" ထိုက် ပျောက်နေတာမင်းတို့လက်ချက်မဟုတ်လား?ဟမ်!!!!"

ဒုန်း!

ဘုန်းစစ် ဒေါသထွက်ကာ မာန် ရဲ့အလုပ်စားပွဲပေါ်သို့ လက်သီးဖြင့်ထိုးချလိုက်သည်။

သို့သော် မာန် က‌ေတာ့ တည်ငြိမ်စွာထိုင်နေဆဲ ။

" ဘယ်လိုလဲ? ချစ်ရတဲ့သူ ကိုယ့်အနားမှာမရှိတဲ့ခံစားချက်ကို မင်းနားလည်ပြီလား? ဘုန်းစစ်ဟန် "

မာန် က တော့လေသံချိုချိုလေးနဲ့သာပြန်ပြောလိုက်သည်။

" ဘာစကားတွေလာပြောနေတာလဲ"

" ငါ့ကိုငတုံးလို့ထင်နေတာလား? မင်းနဲ့ထိုက်က ညီအစ်ကိုအရင်းမဟုတ်ဘူး! မင်းကမွေးကတည်းက တစ်ဦးတည်းသောသား ထိုက်စိုးစံရောပဲပေါ့ "

" ဟက်! အဲ့တာမင်း‌ေ×ာက်ရေးလား?"

မာန် ကရယ်၍ ဘုန်းစစ် ဘေးကိုရောက်လာကာ

" မင်းသိလား?ခွန်းပျောက်သွားတုန်းက ငါဘယ်လိုခံစားခဲ့ရမလဲဆိုတာကိုပေါ့ အခု ထိုက် ပျောက်သွားတော့ မင်းသိမှာပါ "

" အဲ့အတွက် ငါ့ကိုတမင်လုပ်တာလား? ဒါပေမယ့် မင်းမှားနေပြီ! ခွန်း နဲ့ ငါ ကဘာမှဆိုင်တဲ့သူတွေမဟုတ်ဘူး ဆိုတာကိုမင်းသိထားလိုက်! "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now