Episode - 7 ( U+Z )

21.8K 1.8K 197
                                    

Unicode
..................

ခွန်း မနက်စာစားပြီးမှပဲ မာန်လည်း ကုမ္ပဏီ ကိုထွက်လာလိုက်သည်။ ဆေးရုံတွင် ကြီးကြီးကိုထားခဲ့၍ ခွန်းအတွက်လိုလေသေးမရှိ ဂရုစိုက်ခိုင်းခဲ့သည်။

အဲ့လိုဂရုစိုက်ပြတာ သူ‌ေရာမလုပ်ချင်ဘူးလားတဲ့
ဟင့်အင်း မာန်မလုပ်ချင်ဘူး ထုတ်ဖော်ပြရတဲ့ခံစားချက်တွေကိုမကြိုက်ဘူး ။ သူက မာန်ရဲ့သာမာန်ကောင်လေးတစ်ယောက်ပဲ ။

သို့ပေမယ့်လည်း သူအဲ့လိုမတွေးနိုင်ပေ။

"အား....ဘာဖြစ်နေတာလဲကွာ....."

မျက်နှာကိုလက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြိမ်းပွတ်ဆွဲကာ နေမိသည်။ သူဘာတွေဖြစ်နေတာလဲ ။ စိတ်နဲ့လူနဲ့မကပ်တာနဲ့ ရုံးခန်းမှထွက်ကာ အောက်ထပ်ကကော်ဖီဆိုင်တစ်ဆိုင်ကိုဝင်ထိုင်လိုက်သည်။

ကော်ဖိီလာပို့ပေးတာမို့ သောက်နေရင်း ငူငူကြီးထိုင်နေမိသည်။ ထိုစဉ် အိမ်မက်လိုလို တကယ်လိုလိုနဲ့ အမျိုးသမီးတစ်ယောက်က သူ့နာမည်ကိုလာခေါ်နေသည်။

"မာန် "

"မာန်.....!"

ထိုအမျိုးသမီးကအော်လိုက်တော့မှ မာန်လည်းစိတ်နဲ့လူနဲ့ကပ်တော့သည်။

မာန် လည်းခေါင်းကိုတစ်ချက်ခါကာ ကြည့်လိုက်သည်။ အနက်ရောင် ဘောင်းဘီအရှည်အပွကို အင်္ကျီ ခါးတို အဖြူလေးဖြင့်တွဲဖက်ဝတ်ဆင်ထားသော အမျိးသမီးငယ်တစ်သည် စိန်တစ်ပွင့်ကဲ့သို့ လှပနေသည်။

"အော်....ဟေဇယ် ဘာကိစ္စလဲ "

"ဒီနားလေးမှာကိစ္စရှိလို့လေ မာန့်ကိုတွေ့တာနဲ့ဝင်လာလိုက်တာ"

"ဒါပဲမလား ပြောစရာမရှိရင်ကိုယ်သွားတော့မယ် "

မာန် ပြောရင်းထသွားတော့ ဟေဇယ်မိုးက မာန့် ရဲ့လက်ကိုဆွဲကာ

" ဟေဇယ် တို့အရင်လိုပြန်မဖြစ်နိုင်ဘူးလားဟင်....မာန် မရှိမှနားလည်လာတယ်..... ဟေဇယ် မာန့်ကိုချစ်နေတုန်းပဲ"

"ပြီးသွားခဲ့ပြီဟေဇယ် မင်းနဲ့သူနဲ့ပျော်နေတာပဲ မင်းခင်းခဲ့တဲခွေးဇာတ်လေးလေ "

မာန် ကဟေဇယ် ရဲ့လက်ကိုဖြုတ်ချကာဆိုတော့

"မဟုတ်ဘူးမာန် ။ ဟေဇယ် တို့ကဘာမှမပတ်သတ်ပါဘူမာန်ရယ် ။ ဟေဇယ် စိတ်ကစားမိရုံလေးပါ ဟေဇယ်လည်းအခုနောင်တတွေရနေပါပြီ "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now