Episode - 6 (Z+U)

23.6K 1.9K 119
                                    


Unicode
..................

မာန် လည်း ခွန်း ရဲ့ကိစ္စကိုသိပြီးကတည်းက ဘုန်းစစ် ကိုတောင်လိုက်မပို့နိုင်တော့ဘဲ အလျင်အမြန် အိမ်ပြန်လာခဲ့ရသည်။

"ကြီးကြီး ဘယ်လိုဖြစ်တာလဲ "

စိတ်ပူတကြီးမေးမ်ိတော့ ကြီးကြီးက

"နောက်မှမေးပါ သားမာန်ရယ် ဆေးရုံအရင်ပို့ကြရအောင်"

ကြီးကြီး အပြောကိုမာန်လည်းခေါင်းငြိမ့်ပြ၍ ဘဘကိုအိမ်စောင့်ထားခဲ့ကာ ဆေးရုံသို့ထွက်လာကြသည်။ ဘဘလည်း ခွန်းအကြောင်းကြားပြီး မြန်မြန်ပြန်လာရသည် ။

ဆေးရုံရောက်တော့ မာန်ကကားပေါ်ကဆင်း၍ ခွန်းကိုချီကာဆေးရုံဝန်းအတွင်းသို့ ပြေးဝင်သွားတော့သည်။

"တစ်ယောက်ယောက်လာဦး!!! သူ့ကိုရအောင်ကယ်ပေး မရရင်မင်းတို့ဆေးရုံကိုငါမီးရှို့ပစ်မယ်...!!!"

မာန့် ပြောသံအဆုံးမှာ ဆရာဝန် ၂ ယောက်လောက်နဲ့ သူနာပြုလေးတွေ စုပြုံလာကြကာ ခွန်း ကိုကုတင်ပေါ်တင်၍ ခေါ်သွားကြသည်။

ဆေးစစ်တဲ့အခန်းထဲသို့ရောက်တော့ မာန် လည်း အခန်းရှေ့တင်နေခဲ့ရသည်။

ဘေးနားက ခုံလေးမှာထိုင်ရင်း....မာန်ခေါင်း ငိုက်ငိုက်စိုက်ကျလေသည်။

အစောကြီးကတည်းက သူ့ကိုဖုန်းခေါ်နေခဲ့တာတောင် မအားဘူးဆိုပြီး ဖုန်းကိုချပစ်တာတောင်မလုံလောက်သေးဘဲ သူဖုန်းတောင်ပိတ်မိခဲ့သည်။

ထိုင်နေရာမှ ထ၍ ကြီးကြီး ဆီကိုသြားကာ

"ကြီးကြီး ခွန်း ဘယ်လိုဖြစ်တာလဲ "

"မနက်က ကြီးကြီး နားလိုက်ပါလို့ ပြောပေမယ့် ခွန်းကဟင့်အင်း ပဲလုပ်နေတယ် ထမင်းစားချိန်ရောက်တော့လည်း နောက်မှဆက်လုပ်ထမင်းအရင်စားလို့ပြောတာကို အလုပ်တွေမပြီးရင် သားမာန် ကဆူလိမ့်မယ် ဆိုပြီးဆက်လုပ်နေတယ် ထမင်းတောင် ၂ နာရီလောက်မှစားရတယ်ထင်တယ် ကြီးကြီး အဝတ်တွေလျှော်ပြီး လှန်းနေတုန်း အိမ်ရှေ့ထွက်လာတော့ အိမ်တိုက်တဲ့အဝတ်စကိုကိုင်ပြီး ရေခဲသေတ္တာရှေ့မှာလဲကျနေတာကိုတွေ့လိုက်ရတာ ဘယ်အချိန်ကတည်းက သတိလစ်နေလဲတော့မသိဘူး ကြီးကြီးတို့တွေ့တာတောင် နာရီဝက်ကျော်နေပြီ "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now