Episode - 21 (Z+U)

15.5K 1.4K 65
                                    

Unicode
.....................

" Boss အိမ်ရောက်ပြီ "

ဆေးရုံကနေစထွက်ကတည်းက အတွေးတွေဟာ တောင်ရောက်မြောက်ရောက် ဖြစ်နေတာမို့ အိမ်ပြန်ရောက်လာတာတောင်မသိလိုက်ပေ ။ မျှော်လင့်မိသူက အရှုံးတဲ့ ။

စိတ်ချပါ တစ်နေ့တော့ ကိုယ် မင်းကို သေချာပေါက်ပြန်တွေ့မှာ ။ မင်းပြောင်းလဲရင်လည်းပြောင်းလဲသွားမယ် ။ မပြောင်းလဲရင်လည်းမပြောင်းလဲဘူး ။ တစ်ခုကတော့သေချာတယ် ။ ကိုယ် မင်းကိုချစ်ကြောင်းတွေဝန်ခံမယ် နောက်ကျလားမသိပေမယ့် ကိုယ်မင်းကိုရအောင်ပြန်ဆွဲမယ် ။

နေစစ်ကို မာန့် ပစ္စည်းတွေကိုချနေသည်။ ဟေဇယ် ကတော့ မာန့် လက်ကိုဆွဲကာ အိမ်ထဲသို့ဝင်သွားသည်။

" မာန် သက်သာရဲ့လား ဟေဇယ် ဘာလုပ်ပေး "

"မလိုဘူး ကုမ္ပဏီကိုသာသွားနေ ငါ့အတွင်းရေးမှူးဆိုတာကိုမမေ့နဲ့ ငါ့အတွက်အချိန်မကုန်နဲ့ လုပ်စရာရှိတာသွားလုပ် "

ဟေဇယ် ပြောနေတာတောင်မပြီးသေးဘဲ ဖြတ်ပြောသော မာန့် ကြောင့်ဟေဇယ်မကျေနပ်ပေ ။ အကြံအစည်တွေမအောင်မြင်တာမို့ ဆူပုတ်ကာ အိမ်ထဲမှထွက်လာလိုက်သည်။

မာန် လည်း အခုရက်ပိုင်းသူကိုယ့်သူဘာတွေဖြစ်နေမှန်းမသိပေ ။ ဟေဇယ့် အပေါ်ကိုလည်း စိတ်အချို့သက်ရောက်နေသည်။ မဖြစ်သင့်တော့တဲ့အခြေအနေမို့သာ သူထိန်းနေရသည်။

သို့ပေမယ့် သေချာသည်။ သူ ဟေဇယ့် ကိုလုံးဝမချစ်တော့ပေ ၊ ညီမလေးတစ်ယောက်ကဲ့သို့ စောင့်ရှောက် ပေးရုံသပ်သပ်ပဲဖြစ်သည်။

ခေါင်းကိုက်နေတာမို့ နားထင်ကိုဖိကာ ခုံမှာခြေချိတ်၍ထိုင်နေလိုက်သည်။ စစ်ကို လည်းအလိုက်သိစွာနဲ့ သံပရာရည်လေးကိုဖျော်ကာ မာန့် အရှေ့ကိုချပေးလိုက်သည်။ မာန် က သံပရာရည်လေးကိုသောက်၍ စစ်ကို ကိုမေးလာသည်။

" ဒီရက်ပိုင်း ဘုန်းစစ်သွေး အခြေအနေ? "

" ကျွန်တော်တို့လူတွေကိုချထားပေမယ့် ကျွန်တော်ကိုယ်တိုင်စောင့်မကြည့်နိုင်ခဲ့ပါဘူး boss ကိုရော ကုမ္ပဏီ ကိုရော စောင့်ကြည့်နေရတာမို့လို့ပါ တောင်းပန်ပါတယ် "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now