Episode - 34 (Z+U)

13.1K 1.2K 36
                                    

Unicode
....................

၁ ပတ်ကြာပြီးနောက်.....

" အဆင်ပြေပါ့မလား? "

" ဘာလို့လဲ အကို နော် ၊ ခွန်းကိုဒီနေ့ အလုပ်ဆင်းရမယ်လို့ပြောပြီးသား "

" ဒါပေမယ့် အခုမင်းသွားမယ့်နေရာက... "

" အကို ကျွန်တော်အရင်ကခွန်းဆက်အိမ်မဟုတ်တော့ဘူးနော် ဘာကိုမှမကြောက်တတ်ဘူး "

ဘုန်းစစ်ရဲ့စကားကိုဖြတ်ပြောလိုက်တဲ့ ခွန်းဆက်အိမ် ကြောင့် ဘုန်းစစ်ဟန် အကြပ်ရိုက်သွားသည်။
ခွန်းဆက်အိမ် တကယ်မသိတာလား?အခုသွားမယ့်နေရာက မာန့် အဆောက်အဦးလေ ။

" လာလေ အကိုရဲ့သွားမယ် "

" အော်အေးအေး...."

ဘုန်းစစ် လည်း ခွန်းဆက်အိမ် ခေါ်ရာနောက်သာပါလာခဲ့သည်။ ဆိုက်ထဲကိုရောက်တော့ ခွန်းကိုလိုအပ်တာတွေသင်ကြားပေးသည်။

" ဒါမျိူးဆိုရင် တိုက်တွေမှာမသုံးသင့်ဘူး ၊ တိုက်ဆိုတာကလည်းအထပ်မြင့်တိုက်တွေပေါ့ ၊ သူတို့ကရေစိုရင်ပွတယ် ၊ တိုက်ပြိုတာတွေဖြစ်နိုင်တယ် "

ခွန်း ကတော့ ဘုန်းစစ်ပြောနေတဲ့ အဖြူအပြားလေးကိုကြည့်နေသညိ။ ခဏကြာတော့ နားမလည်တို့ကိုပြန်မေးသည်။

"အကို ဒီအပြားသေးသေးလေးကအဲ့လိုပဲလား?"

" အင်းအဲ့တာကြောင့် အထူးဂရုစိုက်ရမယ် ၊ ကိုယ့်ကြောင့်နဲ့လူများစွာရဲ့အသက်ကိုမဆုံးရှုံးစေနဲ့ နားလည်ရဲ့လား?"

ခွန်းဆက်အိမ် လည်းခေါင်းငြိမ့်၍ ဘုန်းစစ် ပြောသမျှတွင် မှတ်စရာရှိတာတွေကို စာအုပ်လေးထဲတွင်မှတ်နေလေသည်။

ထိုစဉ် အပေါ်က အုတ်အပိုင်းအစတစ်ခုကျလာတာမို့

" သတိထား! "

ဘုန်းစစ်ကအော်၍ ခွန်း ကိုဟိုဘက်သို့ဆွဲလှည့်လိုက်သည်။

" အဲ့တာပဲ ဆိုက်ထဲမှာနေရင် အာရုံစိုက်ရမယ် ။ ဦးထုပ်ကကာကွယ်ပေးနိုင်ပေမယ့် ဒီထက်ကြီးတဲ့ကျောက်ပြားသာပြုတ်ကျရင် သေရင်သေ မသေရင်ဂစ်မှာပဲ "

ဘုန်းစစ် ပြောလိုက်တဲ့ ' သေရင်သေ မသေရင်ဂစ် ' ဆိုတာကိုစဉ်းစားမိသည်၊ ဘာလဲ သေတာနဲ့ဂစ်တာနဲ့တူတူပဲမဟုတ်ဘူးလား? နေပူလွန်းလို့ အကိုဘုန်းစစ် ဂေါက်သွားတာထင်တယ် ။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now