Episode - 9 (Z+U)

20K 1.9K 407
                                    

Unicode
...................

မာန် သည်ပြောနေရင်းနှင့်ပင် ခွန်းကိုဆွဲ၍ ပဝါတစ်ထည်ကိုယူကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ခွန်းကတော့ ရုန်းရင်းကန်ရင်းနှင့်သာ ပါလာရသည်။

" မလုပ်နဲ့....လွှတ်.... "

"ပါးစပ်ပိတ်ထား!"

စေသူ ကပြောနေတော့ နာခံသူက ဒီအတိုင်းလေးသာငြိမ်နေလိုက်ရသည်။ ခွန်းအတွက်တော့ စေလိုရာစေ ။

ခွန်းကိုမြေအောက်ခန်းသို့ခေါ်သွားနေတာကိုသိတာမို့ ခွန်းလည်းကြောက်သွားသည်။ အဲ့နေရာကြီးကအေးစက်စက်နဲ့အရမ်းကြောက်ဖို့ကောင်းတယ် ။
နွေရာသီ ဆိုသော်လည်းထိုအခန်းကြီးသည် အမြဲပင် အေးစက်လျက် ။

အခန်းထဲရောက်တော့ ခွန်းကိုတိုင်မှာပူးချည်လိုက်တာမို့ ရုန်းသည်။ ခွန်းလည်းမရရအောင်ရုန်းသည်။ သို့သော် မာန့်ရဲ့လျင်မြန်တဲ့လက်တွေကြောင့် ချက်ချင်းပင် တွဲချည်လျက်ဖြစ်သွားသည်။

"ကိုကို တောင်း....တောင်း...ပန်ပါတယ်....ခွန်း....ကြောက်တယ်.... "

" အခုမှလာကြောက်ပြနေတာလား "

ခွန်း ရဲ့လက်တို့သည် တိုင်ကိုခွ၍ တိုင်၏နောက်တွင် လက်ထိပ်ဖြင့် ခတ်ခြင်းခံထားရသည်။ တစ်ကိုယ်လုံးကိုတော့ ဘာအတုတ်အနှောင်မှမရှိဘဲ လွတ်လပ်နေလေသည်။

မာန် သည်ယူလာသောပဝါကို ခွန်းရဲ့ပါးစပ်တွင်ပိတ်ချည်လိုက်သည်။

ထို့နောက် ဘောင်းဘီမှခါးပတ်ကိုချွတ်ကာ

ဖြောင်း~

အားပါသောရိုက်ချက်တစ်ချက်ကြောင့် ခွန်း ရဲ့ကိုယ်လေးကျုံသွားသည်။ တင်ပါးပေါ်သို့ကျရောက်လာသော ရိုက်ချက်ကြောင့် ခွန်းအသည်းအသန်ရုန်းမိသည်။

ရုန်းတဲ့ဒဏ်ကြောင့် လက်ထိပ်ခတ်ထားသော အသားနုနုတို့ဟာ ပွန်းရှလာရသည်။

"နာလား?"

မာန် က မေးတော့ခွန်းလည်းပြန်ဖြေလို့မရတာမို့ ခေါင်းသာအဆက်မပြတ်ငြိမ့်ပြလေသည်။

" နာရင် ကို့စကားကိုနားထောင်ပြီး အတိုက်အခံမလုပ်ဘဲနေလို့မရဘူးလား? ဒီနေ့တော့ ကိုစိတ်အခြေအနေမကောင်းလို့ မင်းတော့လွယ်မယ်မထင်ဘူး "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now