Episode - 11 (Z+U)

18.9K 1.6K 119
                                    

Unicode
...................

တီ...တီ...တီ...

ကားဟွန်းကိုသာအဆက်မပြတ်တီးနေလိုက်သည်။ မကြာခင်ပဲကားလမ်းပွင့်လာလေသည်။ အဲ့တာကြောင့် ထိုက်လည်းကားကိုဘေးလမ်းကိုချိုးကွေ့ကာ အကို ပေးထားတဲ့နေရာက်ိုလိုက်လာလိုက်သည်။

ကုမ္ပဏီ ထဲဝင်သွားတော့အကုန်လုံးကသူ့ကိုအထူးအဆန်းနှင့်ကြည့်နေကြသည်။ ပြီးတော့ လူတစ်ယောက် ရောက်လာကာ

" အကိုလေးက ကိုထိုက်စိုးစံလား?"

"Yeah! "

"Sir ကအကိုလေးကို ဆိုက်ထဲလိုက်လာဖို့မှာသွားပါတယ်"

"OMG! အဲ့ပူချစ်တောက်နေတဲ့နေရာကြီးကိုလေ ဟား...."

" ဆက်ဆက်လိုက်လာဖို့မှာသွားပါတယ် အဲ့တာဆို အကိုလေးကျွန်တော့်ကိုခွင့်ပြုပါဦး "

"ဟူး....အဲ့အကို တို့ကတော့လုပ်ချလိုက်ပြန်ပြီ"

ကုမ္ပဏီ အဆောက်အဦးထဲမှထွက်ကာ ကားထဲပြန်ဝင်၍ အကို့ရဲ့ဆိုက်ထဲသို့လိုက်လာလိုက်သည်။ လမ်းတွေကတော့ အရမ်းကျွမ်းတယ်မဟုတ်ပေမယ့်သိသင့်သလောက်တော့သိသည်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကအထိသူမြန်မာမှာနေခဲ့သေးသည်။ ပြသနာတွေကဘယ်ကနေဘယ်လိုတက်သွားမှန်းမသိတာကြောင့်သာ LA သို့်ပြောင်းရွှေ့နေထိုင်နိုင်ရန် bro ကပဲစီစဉ်ပေးခဲ့ရသည်။

ဆိုက် ထဲရောက်တော့နေရိပ်လောက်တဲ့နေရာမှာကားကိုရပ်ခဲ့ကာ ကားပေါ်ကဆင်းလိုက်သည်။ ပူချစ်တောက်နေသောနေရောင်ခြည်သည် သူ့ရဲ့ဖြူဖွေးသောအသားအရေကို နီရဲစေသည်။

လှမ်းကြည့်လိုက်တော့ လူစုစုဝေးဝေးဖြင့် စကားပြောနေသော အကို့ ကိုတွေ့လိုက်တာမို့ ထိုက်လည်း အကို့ အနားကိုလျှောက်သွားလိုက်သည်။

"Hey....! Bro"

"အငယ်ကောင် စကားကိုဖြစ်သလိုမပြောနဲ့ မင်းနဲ့ငါပဲရှိနေတာမဟုတ်ဘူး "

ပြောလိုက်တော့မှ ထိုက်လည်း အရှေ့ကလူကြီးတွေကိုအားနာသွားလေသည်။ အကိုနဲ့၂ယောက်တည်းအတူရှိတဲ့အချိန်ဆိုရင်တော့ ဖြစ်သလိုပဲပြုမူဆက်ဆံရင်ဘာမှမဖြစ်ဘူးဆိုပေမယ့် အခုဟာက အရှေ့မှာလူကြီးပိုင်းအသက်အရွယ်နဲ့ လူတွေရှိနေလေသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now