Episode - 18 (Z+U)

16.5K 1.6K 67
                                    

Unicode
...................

ဟေဇယ် လည်း မူး၍ အိပ်ပျော်သွားသော မာန့် ကိုတွဲ၍ ကားငှားကာ မာန့်အိမ်ကိုပဲပြန်လာလိုက်သည်။ မာန် ကလည်း ဟေဇယ့် ကိုဖက်ကာ ပါးစပ်မှလည်း ခွန်း ဟုသာ ရေရွတ်နေခဲ့သည်။

ဟေဇယ် လည်း ဘဘကိုခွင့်တောင်းကာ အခန်းထဲအထိလိုက်ပို့လိုက်သည်။ ဟေဇယ် လည်း မာန့် အတွက် ရေခပ်ပေးတော့ မာန် က ရေခွက်ကိုပစ်ချ၍ ဟေဇယ့် လက်ကိုဆွဲကာ ကုတင်ပေါ်ဆွဲမှောက်လိုက်သည်။

"အ့....မာန် ဘာလုပ်တာလဲ! လက်...လက်နာတယ် "

သို့သော် မာန် သည်ဘာမှမကြားပေ ။ သူထင်နေခဲ့တာက ခွန်း သူ့ဆီပြန်ရောက်လာပြီထင်၍ နောက်တစ်ခါထပ်ပြီးထွက်မပြေးနိုင်အောင် လုပ်မည်ဟုစဉ်းစား၍ ဟေဇယ့် ကိုဆွဲလှည့်လိုက်သည်။

ထို့နောက် အနမ်းတို့ကိုဖလှယ်လေသည်။ သို့သော် ထိုနှုတ်ခမ်းသည် သူပိုင်ဆိုင်နေကြ နှုတ်ခမ်းကဲ့သို့ချိုမြိန်ခြင်းမရှိပေ ။
ထိုအရာကိုသတိထားမိ၍ သတိကပ်ကာ ကြည့်လိုက်တော့ ခွန်း မဟုတ်တာမို့ ဆောင့်တွန်းကာ

"မင်း ခွန်းဆက်အိမ် မဟုတ်ဘူး ထွက်သွား!"

"ဟေဇယ် လေ မာန်...."

"ထွက်သွား! အား....!!!!! "

ဟေဇယ် လည်း အခန်းထဲမှာရှိသမျှကိုပေါက်ခွဲကာ သောင်းကျန်းနေသော မာန့်ကြောင့် မထွက်ချင်ဘဲ အခန်းပြင်ရောက်လာရသည်။ အသံတွေကြားတာကြောင့် ဘဘ ကလာကြည့်တော့ အခန်းပြင်မှာရပ်နေတဲ့ဟေဇယ့်ကိုတွေ့တာမို့

"တူမ‌ေလး ဘာဖြစ်တာလဲ "

"ဟို ဟို မာန်လေ သောက်တာများပြီး သောင်းကျန်းနေလို့"

"တူမလေးလည်းပြန်တော့လေ ညမိုးချုပ်နေပြီ ယောက်ျားသား၂ယောက်တည်းရှိတဲ့အိမ်မှာ မိန်းကလေးတစ်ယောက်အနေနဲ့မသင့်တော်ဘူး "

ဟေဇယ် လည်းအင်တင်တင်ဖြစ်ကာ မရယ်ပြချင်ပဲ ရယ်ပြ၍ မာန့် အိမ်ထဲကမှထွက်သွားလေသည်။

..............................။

အား....!

ခွမ်း!

ဝုန်း!

စားပွဲခုံကြီးကိုမှောက်ချလိုက်လေသည်။ ထို့နောက် အခန်းထဲတွက်ရှိသမျှပစ္စည်းတွေကိုတစ်ခုမကျန်ဖျက်ဆီးပစ်နေသော မာန့် ကြောင့် ဘဘလည်းအခန်းထဲကိုဝင်မသွားရဲပေ ။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now