Episode-2(Z+U)

30K 2.4K 108
                                    


Unicode
..................

မာန့်ကိုကြောက်လို့ ခွန်း အခန်းထောင့်လေးမှာကပ်နေမိသည်။

"ခွန်းဆက်အိမ်!"

အောက်ထပ်ကအော်ခေါ်လာတဲ့ မာန့် အသံကြောင့် ခွန်း သိလိုက်ပြီ။ မာန်အတော်ဒေါသထွက်နေလေပြီ။

တစ်ဖြည်းဖြည်းနီးကပ်လာသော ခြေသံနှင့် အတူအခန်းတံခါးကပွင့်သွားလေသည်။

ဝုန်း~~~

ဆောင့်တွန်းခံလိုက်ရသော အခန်းတံခါးနှင့်အတူ မာန် ကသူ့အနားကိုလျှောက်လာသည်။

"ဘာလို့ထွက်ပြေးတာလဲ!"

"မ...မဟုတ်...."

"ဘာကိုမဟုတ်တာလဲ မင်းကိုအိမ်ထဲကအ်ိမ်ပြင်ထွက်ခွင့်ပေးလို့လား....ဟမ် ? နည်းနည်းလေးမျက်နှာသာပေးလိုက်တာနဲ့ ရောင့်တတ်လာတာပဲ မင်းကတစ်စက်မှ သနားလို့မရတဲ့ကောင် "

ပြောရင်း မာန်သည် ဘောင်းဘီမှ ခါးပတ်ကိုဖြုတ်ကာ ခွန်း ရဲ့အရှေ့ကိုလာရပ်သည်။ လက်တစ်ဖက်ကခါးပတ်ကိုကိုင်ကာ နောက်တစ်ဖက်က ခွန်း ရဲ့လက်မောင်းကိုဆွဲကာ မြေအောက်ခန်းသို့ဦးတည်လေသည်။

ဘယ်ကိုသွားနေတာလဲဆိုတာ ခွန်းသိလိုက်ရတာမို့ လန့်သွားသည်။

"ဟင့်အင်း"
အဲ့နေရာကြီးကအေးတယ် သူမသွားချင်ဘူး ကြောက်ဖို့လဲကောင်းတယ် ။

"ရုန်းမနေနဲ့ ခွန်းဆက်အိမ်! မင်းကိုနောက်တစ်ခေါက်ထွက်မပြေးရဲအောင် ကောင်းကောင်းဆုံးမပေးမယ် "

"အဟင့်...မလုပ်...ပါနဲ့...ခွန်း....ခွန်းကြောက်တယ်...."

"မင်းအပြစ်နဲ့မင်းပဲ "

ခဏနေတော့ မြေအောက်ခန်းထဲကိုရောက်လာသည်။ မာန် လည်း ခွန်းကိုပစ်ချလိုက်သည်။ ခွန်းလည်းနံရံတွင်ကပ်ခံရကာ မာန်ရဲ့လက်တို့သည် ခွန်း လည်တိုင်သို့ရွေ့လာလေ၏ ။

မာန့်ရဲ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တွေအရမ်းများနေသည်။ မာန့်ရဲ့လက်တို့သည် ပိုမိုအားပြင်းလာကာ ခွန်း အသက်တောင်မရှုနိုင်တော့ပေ။

နာကျင်လွန်းတာကြောင့် လက်ကိုကုတ်ကာထားမိသည်။ ခဏနေတော့ မာန်ကလက်ကိုလွှတ်ပေးလိုက်သည် ။
ထိုအခါမှ ခွန်း လည်းပါးစပ်​ရော နှာခေါင်းကိုပါအားပြု၍ အသက်ကိုဝဝလင်လင်ပြန်ရှူရသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now