Episode - 44 (Z+U)

13.2K 1.2K 41
                                    

Unicode

....................

ဒီနေ့တော့ ခွန်းဆက်အိမ် မာန့်အိမ်မှာပဲနေလိုက်တော့သည်။
မနက်ဖြန်မှသာ အကိုဘုန်းစစ် လာခေါ်မည်ဆို၍ မာန့်အိမ်မှာပဲအေးအေးဆေးဆေးနေလိုက်ရသည် ။

ခဏနေ‌ေတာ့ အိမ်ထဲတွင်ကားသံကြားလိုက်တာမို့ ခွန်း လည်းဝရန်တာကနေ လှမ်းကြည့်လိုက်သည်။
ကိုကိုကကားတံခါးကိုဖွင့်ရင်း ကားထဲမှဆင်းလာသည်။
ကိုကို ကားပေါ်မှဆင်းလာသည့်ပုံကို ခွန်းဆက်အိမ်မျက်တောင်မခတ်ဘဲငေးကြည့်နေမိသည်။

" ခွန်း "

မာန်ကခွန်းနာမည်ကိုခေါ်ရင်း ရှည်လျားလှသော လှေကားထစ်တို့ကိုဖြတ်၍ ခွန်းရဲ့အခန်းထဲသို့ဝင်လာလိုက်သည်။

" ခွန်း "

မာန်ကတံခါးဖွင့်၍ ခွန်း နာမည်ကိုခေါ်ရင်း အခန်းထဲသို့ဝင်သွားသည်။

"ဟိုလေ....ပြန်လာပြီလား? မေးချင်နေတာ "

" မေးလေ ဘာမေးမလို့လဲ? "

" ဟို... ဖေဖေနဲ့မေမေ "

အရင်ရက်တွေကတည်းက ခွန်း မေးချင်ခဲ့တာ ။ အခွင့်မသာ၍သာ နောက်မှမေးမည်ဟုူ၍နေခဲ့ရသည်။

" အင်း....ကိုယ်အဲ့ကိစ္စအတွက်လည်းတောင်းပန်ပါတယ် ။ ခွန်းရဲ့အဖေနဲ့အမေကိုကောင်းကောင်းမစောင့်ရှောက်ပေးနိုင်တာအတွက်ရော ။ ခွန်းမသိဘဲနဲ့ အိမ်ရာထိုင်ခင်းပေးခဲ့တဲ့အတွက်ရော တောင်းပန်ပါတယ် ၊ ကိုယ်ပြောပြမယ် စိတ်အေးအေးထားနော် "

ခွန်းကတော့ မာန်ဆက်ပြောလာမည့်စကားတို့ကိုနားထောင်နေမိသည်။ စိတ်ထဲမှာလည်းတစ်ယောက်ယောက်ကိုဆုံးရှုံးသွားတဲ့ခံစားချက်ကြီးဖြစ်နေလေသည်။

" ခွန်းရဲ့မေမေကတော့ အခုထိရှိနေပါသေးတယ် "

ဟမ်! ကိိုကို့စကားကဘာစကားကြီးလဲ ။ အဲ့တာဆို....မဖြစ်နိုင်ဘူး....။ အဓိပ္ပါယ်မရှိတာတွေ ။

" ခွန်းရဲ့ဖေဖေကတော့ လွန်ခဲ့တဲ့၂နှစ်က အသည်းကင်ဆာနဲ့ဆုံးသွားပြီ "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now