21:တရားခံ???

580 62 3
                                    

#Unicode

တိတ်ဆိတ်ငြိမ်သက်နေသော အနေအထားတစ်ခုက စစ်အေးကာလတစ်ခုလို။ မျက်လွှာချကာ လက်ပိုက်လျက်သားဖြင့် တစ်ဦးနှင့်တစ်ဦး စကားတစ်ခွန်းမျှ မပြောဖြစ်ကြချေ။ ယခု အခန်းထဲတွင် ရှိနေသူက ခွန်းတုံ့ညီ၊ ဒေါ်သီရိရွှေစင်နှင့် သုကျော့ရှင်းတို့ပင်။ VIP ခန်း၏အပြင်ဘက်တွင်တော့ Joy တို့အဖွဲ့တွေ ထိုင်စောင့်နေကြသည်။

ရှိုင်း၏ အခြေအနေကို အားလုံးက စောင့်ကြည့်နေကြခြင်းဖြစ်သည်။ စိုးရိမ်စရာမရှိသော်လည်း လှေကားပေါ်မှ ပြုတ်ကျသည့် အရှိန်ကြောင့် ရှော့ခ်ဖြစ်ကာ ရှိုင်းသတိလစ်သွားသည်မှာ ယခုထိသတိပြန်မလည်လာသေးပေ။

ကျွန်တော့်ရင်တွေ ပူနေသည်။ တစ်ခါက ရှိုင်းကျွန်တော့်ကြောင့် ခံစားခဲ့ရသည့် ပူပန်မှုကို ကျွန်တော် ကိုယ်ချင်းစာတတ်ခဲ့ပြီ။ သူ၏ ညာလက်ထက်မှ ပတ်တီးဖြုဖြူလေးကို မြင်ရတော့ ဒေါသတို့ပိုထွက်ရသည်။ ဒေါ်သီရိရွှေစင်သာ ကျွန်တော့်ကို ရှိုင်းနှင့် တွေ့ခွင့်ပြုပေးခဲ့မည် ဆိုပါက အခုလိုတွေ ဖြစ်လာစရာ အကြောင်းမရှိပေ။ ကျွန်တော် သူမ ကိုလည်း အခဲမကျေပေ။

ရှိုင်းနာကျင်နေမည့်အစား ကျွန်တော်သာ လူစားထိုးပြီး နာကျင်ပေးလိုက်ချင်မိသည်။ သူအရမ်းပင်ပန်းနေပြီ။ သူ့ဘဝတစ်ခုလုံးတွင် နာကျင်ခဲ့‌ရသော ရက်စွဲများက အလွန်များနေပြီ။ သူ့ကို ထပ်ပြီး မနာကျင်စေချင်တော့ပေ။ ငယ်စဉ်ကတည်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်များက အရွယ်နှင့်ပင် မလိုက်အောင် ဆိုးရွားလွန်းသည်လေ။ သူ့ဘဝ၏ လက်ကျန် ပြက္ခဒိန်များကိုတော့ ကျွန်တော်ကိုယ်တိုင် ပျော်ရွှင်မှုအတိဖြင့် ဖန်တီးပေးချင်တော့သည်။

" မလာနဲ့....မလာနဲ့!!!...သွား!!...သွာ!!....."

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ရှိုင်း သတိရလာခဲ့တော့သည်။

"ရှိုင်း....ဘာဖြစ်တာလဲ?....ဘာမှမရှိဘူး... ကျွန်တော်ရှိတယ်...မကြောက်နဲ့နော်......"

ထိတ်လန့်နေရှာသော ရှိုင်း၏ ဘယ်ဘက်လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ကာ ကျွန်တော် အားပေးလိုက်သည်။ ဒေါ်သီရိရွှေစင်မှလည်း

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now