27:အတိတ်ဆိုး

520 55 15
                                    

#Unicode

ည၏တိတ်ဆိတ်ခြင်းကို ဖြိုခွင်းကာ သာယာငြိမ့်ညောင်းစွာထွက်ပေါ်လာသော စန္ဒရားတီးသံလေးတစ်ခု။ မြောက်လေဖြူးဖြူးကလည်း ထိုသံစဉ်လေးကို ပတ်ဝန်းကျင်တစ်ဝိုက်သို့ ပို့ဆောင်ပေးနေသည်။ စန္ဒရားသံစဉ်လေးမှာ ပဲ့ကိုင်တီးခတ်နေသောသူ၏ ရင်ထဲသို့ မြင်ယောင်‌စေသည့်အလား လွမ်းမောဖွယ်ကောင်းလွန်းနေသည်။

"ခွန်းကို အရမ်းသတိရနေပြီလား?..ကိုရှိုင်း.."

Royal စံအိမ်၏ လသာဆောင်ထက်မှ လွမ်းမောဖွယ်ကောင်းအောင် တီးခတ်နေသူက ရှိုင်းပင်။ ထိုနေရာလေးသို့ အရောက်လာခဲ့ကာ မေးနေမိသူကတော့ သုကျော့ရှင်း။

"သတိမရပါဘူး..ရှင်းရယ်...."

ရှိုင်း ပြန်ဖြေလိုက်သော စကားကြောင့် ကျော့ရှင်းအံ့ဩသွားမိသည်။

"ဟင်!...ကိုရှိုင်းက..ခွန်းကို သတိမရဘူးလား???.."

စန္ဒရားထက်တွင်ပြေးလွှားနေသော လက်ချောင်းကလေးများကို ရပ်တန့်လိုက်ကာ လေးလေးနက်နက် ရှိုင်းပြန်ပြောလိုက်သည်။

"သတိရတယ်ဆိုတာက..မေ့ထားလို့လေ..တိုက်ဆိုင်မှုရှိမှ..ခေါင်းထဲပေါ်လာတတ်တာကိုပြောတာ..ကိုယ်က ခွန်းကို..တစ်စက္ကန့်လေးမှ မေ့မထားမိတော့...သတိရတယ်လို့ မခေါ်ဘူးပေါ့....."

ရှိုင်း၏ အဖြေစကားကိုကြားကာမှ ကျော့ရှင်းတစ်ယောက်ပြုံးနိုင်တော့သည်။
"မသိပါဘူး..ကိုရှိုင်းရယ်..ကိုရှိုင်းက သတိမရဘူးဆိုလို့...ရှင်း အရမ်းကို..စိတ်ပူသွားတာ...ခွန်းကိုများ..မချစ်တော့ဘူးလားလို့....."

ထိုအခါ ရှိုင်းက နှုတ်ခမ်းလေးများ ကော့တက်သွားရုံ ပြုံးလိုက်ပြီး
"ရှင်းရယ်...ခွန်းအပေါ် ကိုယ်ချစ်တဲ့ အချစ်က... ကျောက်စိုင်ကျောက်သားလိုပဲ ခိုင်မာတယ်...ပင်လယ်သမုဒ္ဒရာကြီးလိုလည်း..ကျယ်ပြောပြီး...စိမ့်စမ်းရေလေးလို တသွင်သွင်စီးနေမှာ...ဒီဘဝမှာတော့...ခွန်းကိုကိုယ် ဘယ်နည်းနဲ့မှ..မချစ်ပဲနေနိုင်မှာ မဟုတ်ဘူး....."

ကျော့ရှင်းက စန္ဒရားအနီးရှိ ကတ္တီပါထိုင်ခုံလေးပေါ်တွင် ထိုင်လိုက်သည်။
"အချစ်နဲ့တွေ့ရင်..လူတိုင်းက..ကဗျာဆရာတွေဖြစ်သွားကြတယ်ဆိုတာကို..ကိုရှိုင်းနဲ့တွေ့မှပဲ..ရှင်းလက်ခံလို့ရတော့တယ်....."

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now