31:မမေ့ပါနဲ့

511 48 2
                                    

#Unicode

***[ နှစ်နှစ်ခန့်ကြာပြီးနောက် ] ***

"ရှိုင်း!!....ရှိုင်း......."

မင်းမဟာတစ်ယောက် Photo Shooting မှ ပြန်လာလာချင်း အိမ်တွင်စောင့်ကြိုနေသည့် ဧည့်သည်ဖြစ်သူကြောင့် အံ့ဩဝမ်းသာဖြစ်သွားရတော့သည်။

"ဟင်း.....မဟာ...." ဟူ၍ ပြုံးလိုက်ပြီးထိုင်နေရာမှထကာ မင်းမဟာကို ပခုံးဖက်လိုက်သည်။

နှစ်နှစ်ဟူသည့် အချိန်ကာလတစ်ခုက သူတို့နှစ်ယောက်ကိုပိုမိုရင်းနှီး ‌နွေးထွေးသွားစေသည်မှာတော့ အမှန်ပင်။ အရာအားလုံးကို ပစ်ထားခဲ့ပြီး အမေရိကားကို ထွက်သွားခဲ့သည့်ရှိုင်း။ သို့သော် မင်းမဟာနှင့်တော့ skype တွင် တစ်ခါတစ်ရံတွေ့ဖြစ်ကြသည်။ ယခုလို ရုတ်တရက်ပြန်ရောက်လာလိမ့်မည်ဟုတော့ သူ မစဉ်းစားခဲ့မိပါ။

"ဘယ်လိုလဲ မဟာ?..အလုပ်တွေ အဆင်ပြေရဲ့လား??...ငါ့နဲ့ရော..မပြိုင်ဖြစ်တာကြာလို့..စိတ်မကောင်းဖြစ်နေသေးလား??....ဟားး..." ဟူ၍ ဟာသနှော၍ ပြောလိုက်သည့် ရှိုင်းကြောင့် သူပါလိုက်ရယ်မိသည်။

"အ့!....ဟား..."

သူ ရှိုင်း၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ခပ်ဖွဖွထိုးကာ ပြန်လည် ကျီစယ်လိုက်လေသည်။

"မင်းရော...ဒီကိုအပြီးပြန်လာတာလား??...လာမယ်ဆိုရင်လည်း ကြိုပြောတာမဟုတ်ဘူး...ငါလာကြိုမှာပေါ့..."

"နေပါစေကွာ...မင်းကို ဒုက္ခမပေးချင်ပါဘူး...ငါပြန်လာတယ်ဆိုတာကလည်း...ကိစ္စလေး နည်းနည်းရှိလို့ပါ..."

"ဘာကိစ္စလဲ??!....." ဟူ၍ သူနှင့်ရှိုင်းအတွက် ရေခဲသေတ္တာထဲမှ ကော်ဖီအေးနှစ်ဗူးကိုထုတ်ကာ ပစ်ပေးရင်းမေးလိုက်သည်။

ရှိုင်းကလည်း လှမ်းဖမ်းလိုက်ပြီး
"မင်္ဂလာကိစ္စပါ........" ဟူ၍ ခပ်‌လွယ်လွယ်ပြောလိုက်သည်။

ထိုစကားကိုကြားကြားချင်း ကော်ဖီဗူးကိုဖောက်နေသော သူ့လက်များ ရပ်တန့်သွားတော့သည်။ တစ်စုံတစ်ယောက်ကို သတိရသွားသောကြောင့်ပင်။

"မင်္ဂလာကိစ္စ???....ဘယ်သူ့မင်္ဂလာကိစ္စလဲ??...." ဟူ၍ စိတ်လှုပ်ရှားသွားသော သူ့စိတ်ကိုထိန်းကာ မေးလိုက်သည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now