26:Mabel

526 63 12
                                    

#Unicode

"ငါမင်းကိုလွမ်းနေပြီကွာ...."

ရှိုင်းထံမှ ကျွန်တော့်ကိုလွမ်းနေပြီဟူသည့် စကားကိုကြားလိုက်ရသောကြောင့် ပီတိနှလုံးရွှင်ပြုံးမိသည်။

"ကျွန်တော်လည်း..လွမ်းပါတယ်ဗျာ...ခင်ဗျားလေး မျက်နှာကို မြင်လိုက်ရမှ စိတ်အေးသွားရတာ..ခင်ဗျား နေကောင်းရဲ့လား?..."

ရှိုင်းနှင့်ကျွန်တော်ဝေးနေသည်မှာ သုံးရက်မျှသာရှိသေးသည်။ သို့သော် ကျွန်တော်တို့ကပဲ သည်းလွန်းသည်လား၊အချိန်တွေကပဲ ကြာလွန်းသည်လား မတွေးတတ်လောက်အောင်ပင် သူ့ကိုလွမ်းနေမိပြီ။ ထို့ကြောင့်လည်း Video callခေါ်ကာ အလွမ်းဖြေနေကြရသည်။

"အင်း..ကောင်းတယ်...မင်းရော..ကျန်းမာရေးဂရုစိုက်နော်...ငါ့ကိုလွမ်းလို့ဆိုပြီး..အိပ်ရေးပျက်မခံနဲ့...အရမ်းအေးရင် အ‌နွေးထည် ထူထူထဲထဲ ဝတ်ဖို့လည်း..မေ့မနေနဲ့...ဆိုင်ကယ်စီးရင်လည်း.. သတိ ထားစီး...ဖြည်းဖြည်းမောင်းနော်..ကြားလား?..ငါစိတ်ပူတယ်....."

ကျွန်တော့်ကို ကလေးတစ်ယောက်နှယ် တယုတယမှာကြားနေသော ရှိုင်း၏စကားလေးများကို တလေးတစားလိုက်နာရမည်မှာလည်း ကျွန်တော့်တာဝန်ပင်။

"စိတ်ချ...ခင်ဗျားလေး ပြောသမျှကို...စာအုပ်ထဲရေးပြီးတော့ကို..မှတ်ထားမှာ...ဟုတ်ပြီလား??..ကျွန်တော့်ကို စိတ်ပူတဲ့စိတ်တွေကို..နည်းနည်းလျှော့.. ခင်ဗျားအတွက် ကျွန်တော်က ပိုစိတ်ပူနေရတာ...အဲ့မှာ နေတာ သတိနဲ့နေနော် ရှိုင်း..ခင်ဗျား အနားမှာ..အန္တရာယ်ပေးမယ့်သူရှိနေတယ်...မပေါ့ဆနဲ့...."

ကျွန်တော်ရှိုင်းကို သတိပေးရန်သာ တတ်နိုင်သည်။ ရှိုင်းရှိရာသို့ လိုက်သွားချင်သော်လည်း ကျွန်တော့်မှာ တာဝန်တစ်ခုကရှိသေးသည်လေ။ ဖြစ်နိုင်လျှင် ရှိုင်းကိုကျွန်တော့်ရဲ့ ဖုန်းလေးတစ်လုံးလိုမျိုး သွားလိုလေရာကို အိတ်ထဲထည့်ကာ ခေါ်သွားချင်မိသည်။

"အင်းပါ..ငါ့အနားမှာ..ရှင်းရော Joy တို့အားလုံးရောရှိတယ်...တစ်ခုခုဆိုလည်း..မင်းဆီကို လှမ်းပြီး.. အကြောင်းကြားပါ့မယ်...ဟုတ်ပြီလား...." ဟူ၍ ကျွန်တော်စိတ်မပူရန် ရှိုင်းကဖြေသိမ့်လေသည်။ သို့သော် သူ့အနားမှာရှိသော ရန်သူက မည်သူမှန်းသဲသဲကွဲကွဲမသိရခင်အချိန်ထိ ကျွန်တော် စိတ်မအေးနိုင်ပေ။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}حيث تعيش القصص. اكتشف الآن