5:မင်းရှိရာ...

983 102 0
                                    

#Unicode

"ခွန်း....နင်ရန်ကုန်ကိုမသွားလို့မရဘူးလား?..အဲ့ဒီကိစ္စတွေက..နင်နဲ့မှမဆိုင်တာဟယ်...ဘာဖြစ်လို့သွားမှာလဲ..."

ခွန်းကိုရန်ကုန်သို့မသွားရန် အိမ်မှ ဖေဖေ၊မေမေတို့အားလုံး တားမရ၍ထင် အခုတော့ မွန်မြတ်နှင်းကိုပါ တစ်ဆင့်တားခိုင်းနေပေပြီ။ထိုအကြောင်းအရာ ပြောဖို့်အတွက် တကူးတကအလုပ်မှ ခွင့်ယူပြီး သူ၏ computer service centre သို့ အရောက်လာကာ တားနေသော မိနှင်း။

"နင်အဲ့ဒီ့ကိစ္စအတွက်..လာတာဆိုလျှင်...ပြန်တော့..ငါမအားဘူး..."

သူ့ဘက်မှ စကားကို အပြတ်ပင်ပြောလိုက်သည်။ ခွန်းဆိုသူက ဆုံးဖြတ်ထားပြီးသားအကြောင်းအရာ တစ်ခုကို သိကြားမင်းလာတားတောင် ဖြတ်မည့်လူစားမဟုတ်မှန်း မသိရော့လေသလား။

"မဟုတ်သေးဘူးလေဟာ...အခုကိစ္စက..နင့်အတွက်..အန္တရာယ်များတယ်...ရွှေမဏိလိုနာမည်ကြီး..အလှမယ်တစ်ယောက်လုံးကိုတောင်..အစဖျောက်ပစ်လိုက်နိုင်တယ်ဆိုတော့..ပေါ့သေးသေးမဟုတ်ဘူးဟ....အန်တီတို့အန်ကယ်တို့ကလည်း..နင့်ကိုမသွားစေချင်ဘူးတဲ့..ခွန်းရယ်...မသွားပါနဲ့လား...နင်သွားမှ..အမှန်တရားကပေါ်မှာမှ..မဟုတ်တာ...အမှန်တရားဆိုတာ...တစ်နေ့မှာတော့...ပေါ်လာစမြဲပါဟာ...နင်နဲ့မှမဆိုင်တာ...."

သူ့ကို လေပြေသွေးကာ မသွားရန်တားနေသော်လည်း နှင်း၏ စကားများထဲတွင် လူသားချင်းမစာနာသော စကားများရောစွပ်နေသည် ကိုကြားလိုက်ရ၍ ဒေါသဖြစ်သွားမိသည်။

"ဒီမယ်.. မိနှင်း...အမှန်တရားဆိုတာ..သူ့အလိုလိုပေါ်လာမှာမဟုတ်ဘူး...အဲ့ဒီအမှန်တရားဘက်မှာ..ရပ်တည်ပေးမယ့်သူရှိနေမှ...ပေါ်လာနိုင်မှာ...လူတစ်ယောက်က..အသတ်ခံလိုက်ရပြီး..နောက်တစ်ယောက်က..အန္တရာယ်တွင်းထဲရောက်နေတာကို..သိသိကြီးနဲ့...ဘာမှမလုပ်ပေးဘူးဆိုရင်...အဲ့ဒါကိုလူလို့မခေါ်ထိုက်ဘူး..နားလည်လား...."

သူအော်ပြောလိုက်သော စကားများက အနည်းငယ်တင်းမာသွားမှန်း သူကိုယ်တိုင်လည်းသိသည်။ အနီးတွင် သူ့သူငယ်ချင်းယောကျ်ားလေးအချို့ကလည်း ရှိနေ၍ နှင်းရှက်သွားမည်တော့ အမှန်ပင်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now