34:တမန်တော်၏ချစ်ခြင်း(ဇာတ်သိမ်းပိုင်း)

2K 74 45
                                    

#Unicode

"ဟုတ်ကဲ့ပါ..ကိုရှိုင်းဆက်..အဲ့ဒါဆို ဒါပဲနော်....."

ဖြိုးဇော် ဖုန်းချလိုက်သည်။ ထို့နောက် ဆက်တီခုံတွင် အခန့်သားထိုင်နေသည့် ကျေးဇူးရှင်ကို မေးဆတ်ပြလိုက်သည်။

"ဘယ်လိုလဲ ခွန်း?...မင်းဘာတွေလုပ်နေတာလဲ?..သက်ထား အူအတက်ပေါက်လို့..ဆေးရုံစောင့်နေတာက မမသွန်းလေ..ပြီးတော့ ဘာလို့ငါကအခုလိုမျိုး ကိုရှိုင်းဆက်ဆီ..ဖုန်းဆက်ပြီး ညာပေးရတာလဲ?..ရှင်းပါဦး!....." ဟူ၍ ပြောကာ ဖြိုးဇော်လည်း ခွန်းနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"သူ့ဆီ မသွားချင်လို့ပေါ့ကွာ......"

"ဒါဆိုလည်း ဆေးရုံသွားစောင့်ပါလား?...မမသွန်းတစ်ယောက်တည်းစောင့်နေရတာကို...ပြီးတော့ သက်ထားက မင်းချစ်သူနော်...မေ့မနေနဲ့......"

မှန်ပါသည်။ အခုရက်ပိုင်းအတွင်း ကျွန်တော်မေ့နေသည်က ထိုအရာပင်။ သက်ထားကကျွန်တော့်ချစ်သူ ဖြစ်နေပါလျက်နှင့် ကျွန်တော့်စိတ်တွေက တခြားလူဆီရောက်နေသည်။ ထိုလူကလည်း ကျွန်တော့်လို ယောင်္ကျားတစ်ယောက်တဲ့လား။ အနေနီးသည်ဟုဆိုရအောင်လည်း ရက်ပိုင်းကာလ၊ အတိအကျဆိုရလျှင် နှစ်ရက်မျှ။ ထိုအချိန်အတိုင်းအတာတစ်ခုနှင့် ဘာကြောင့် ကျွန်တော် အခုလိုတွေဖြစ်နေရတာလဲ?။ နားမလည်ရေးချ(ာ) နားမလည်နိုင်ပေ။

"ဘာလဲ ခွန်း...မင်း ကိုရှိုင်းနဲ့ ပြဿနာဖြစ်လာတာလား?.. ဘာတွေအဆင်မပြေဖြစ်လာလို့လဲ?... မင်းကလည်းကွာ.. နောက်ထပ်တစ်ရက်လောက် သည်းခံရုံပဲကို..နောက်ဆို မင်း ကိုရှိုင်းကို မြင်ချင်တွေ့ချင်ပါတယ်ဆိုရင်တောင်..မမြင်ရ၊မတွေ့ရတဲ့ အခြေအနေတစ်ခုရောက်သွားတော့မှာကွ... ငါက မင်းနောင်တရမှာစိုးလို့....."

ဖြိုးဇော်ပြောသည့် စကားထဲတွင် ကြားလိုက်ရသည်က ကျွန်တော့်ကို ကိုရှိုင်းဆက်နှင့် အဆင်ပြေစေချင်ပြီး တစ်ဦးနှင့်တစ်ဦး မမြင်ရမတွေ့ရတော့မည်ကိုပင် စိုးရိမ်ပေးနေသလို။ ထို့အပြင် ကျွန်တော့်ကို နောင်တရမည်စိုးသည်တဲ့လား?။ ဘာအတွက်လဲ?..။ ဘာအတွက် နောင်တရရမှာလဲ?....။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now