18: ပိုင်ရှင်♥️

697 73 5
                                    

#Unicode

ကျွန်တော်စီးလာသော ကားလေးက တငြိမ့်ငြိမ့်ဖြင့် ရန်ကုန်မြို့တော်ကြီးနှင့် ဝေးကွာလာခဲ့ပြီ။ တစ်မြို့ပြီး တစ်မြို့ ၊တစ်နယ်ပြီးတစ်နယ် တရိပ်ရိပ်ဖြင့် ကားကလေးက ကျော်ဖြတ်ကာ သွားနေသည်။ ကားပေါ်ပါလာသော ခရီးသည်များသည်လည်း မူလက ဆူဆူညံညံရှိခဲ့ကြသော်လည်း ယခုတော့ တဖြည်းဖြည်းဖြင့် ငြိမ်သက်ကာ မောင်းနေသောကားကလေးအပေါ်၌ ဇိမ်ခံကာလိုက်ပါလာကြတော့သည်။

ကားမှန်ပြတင်းမှ ကျွန်တော်အပြင်သို့ကြည့်လိုက်မိတော့ 'မွန်ပြည်နယ်မှ ကြိုဆိုပါ၏ ' ဟူသော နှုတ်ခွန်းဆက်စာတန်းလေးကို တွေ့မြင်ရသည်နှင့် သူနှင့်နီးကပ်လာပြီဆိုသော အသိကလေးက တဖြည်းဖြည်းကြီးစိုးလာခဲ့သည်။

အခုချိန်လောက်ဆို သူဘာလုပ်နေပြီလဲ?.. သူ့အတွက် အန္တရာယ်တွေဘာတွေရော..ကင်းရဲ့လား?..ကျွန်တော် သူ့ကိုစိတ်ပူသည်။ သူ့အနားတွင် ကျွန်တော်မရှိသည့်အခိုက် သူအဆင်ရောပြေရဲ့လား?..ကျွန်တော့်ကိုရော..သူသတိရပါ့မလား?...ကျွန်တော် မသိပေ။ သို့သော် ကျွန်တော်ကတော့ သူနှင့် အချိန်ပိုင်းလေးဝေးရသည်ကိုပင် မနေနိုင်၊မထိုင်နိုင်ဖြစ်နေမိပြီ။

တရွေ့ရွေ့ဖြင့်ခရီးနှင်လာခဲ့သော ကားလေးကလည်း ယခုဆိုလျှင် မွန်တို့ဌာနေ ရာမညမြေကို ဆိုက်ရောက်နေပြီဖြစ်၍ လှပသော ပတ်ဝန်းကျင်များကို ကျွန်တော်လည်းခံစားနေမိသည်။ မွန်ပြည်နယ်ကို ကျွန်တော်တစ်ကြိမ်သာရောက်ဖူးသည်။ ဖေဖေ့အလုပ်ကိစ္စဖြင့် မမသွန်းကို အဖော်လိုက်လာပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကတည်းက ကျွန်တော် ဤနယ်မြေကို အခေါက်အခါခါလာချင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် စိမ်းစိုသာယာသော ရှုခင်းများနှင့်ပြည့်နက်နေရုံသာမက သုဝဏ္ဏဘုံမိမြေဟူသည် ဘာသာတရားကိုင်းရှိုင်းလွန်းသော ဒေသဖြစ်၍လည်းဖြစ်သည်။

နေရာတိုင်းလိုလို တည်ရှိနေသော ဘုရားစေတီများတွင် စိတ်ဝင်စားစရာ သမိုင်းနောက်ခံများကလည်းပြည့်နှက်နေသည်။ ထို့အပြင် မွန်သံဝဲဝဲလေးဖြင့် ပြောသော မွန်‌လူမျိုးများကလည်း ဖော်ရွေကြသည်။ သို့ကြောင့်လည်း ဒါရိုက်တာကြီးက သူ့ဇာတိ၏ အလှကို‌ ဖော်ကျူးချင်နေမှန်း သိသာနေသည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now