19:တောင်းဆု

616 67 6
                                    

#Unicode

" ရှိုင်း...ဒီနေ့အခန်းက..အရမ်းပီပြင်တယ်သိလား!.. ရှိုင်းရဲ့သရုပ်ဆောင်အရည်အသွေးတွေက... တော် တော်လေးတိုးတက်လာတယ်...ဒါလီတောင်မနည်းလိုက်လုပ်ရတယ်......"

ချီးကျူးစကားသံအချို့ဖြင့် ရှိုင်းကိုလက်ဆွဲနှုတ်ဆက်နေသူက မြဒါလီနွယ်ပင်။ ထို့နောက် ရှိုင်းထိုင်နေသော ခုံနှင့်ဘေးချင်းကပ်တွင် သူမက ဝင်ထိုင်ကာ တီးတိုးတီးတိုးဖြင့် ရယ်ရယ်မောမောပြောနေကြလေသည်။

ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ မျက်ထောင့်နီဖြင့် စူးရဲစွာစိုက်ကြည့်နေသူက ခွန်းတုံ့ညီ။ Shooting တွ
င်ကိုယ်စီ အလုပ်ရှုပ်နေကြ၍ actors များကလည်း သူ့နေရာနှင့်သူ၊သူ့အလုပ်နှင့်သူ ဖြစ်နေကြသည်။ သို့သော် သူ့မြင်ကွင်းထဲတွင်တော့ ထိုနှစ်ယောက်ကိုသာ ရန်သူနှစ်ဦးနှယ် ကြည့်နေမိသည်။ သူကြည့်နေသည်ကိုတော့ ရှိုင်းတစ်ယောက် သတိထားမိပုံမပေါ်ပေ။

ထိုသို့သတိမထားမိသည်ကပင် ရှိုင်း၏အပြစ်တစ်ခုဖြစ်သည်မဟုတ်လား။

"ကိုခွန်း....ရန်ကုန်ကဖုန်းလာနေပါတယ်!....ကိုခွန်း..."

အလိုက်မသိစွာ အနားသို့ ရောက်လာသူက stylist ကလေး Joy ။

"ဘယ်သူလဲ??!....." ဟူ၍ ပြန်မေးလိုက်သော်လည်း မျက်လုံးများကတော့ ရှိုင်းဆီသို့သာ စိုက်ကြည့်လျက်။

" ပွဲစီစဉ်သူတစ်ယောက်ပါ...ကိုရှိုင်းနဲ့..show ပွဲတစ်ခု..လုပ်ချင်လို့တဲ့အကို...သူပြောတဲ့ရက်က..အားလားမအားဘူးလား..ကျွန်တော်လည်း..မကျိန်းသေလို့..."

Joy ခမျာ ဖုန်းလာသည့်ကိစ္စကိုလည်း ပြောပြရသေး ခွန်း၏မျက်လုံးအနေအထား အခြေအနေကိုကြည့်ကာ ကြောက်လန့်နေရသေးသည်။ စိတ်ထဲမှလည်း ပြောနေမိတာက 'ဟွန်း...ဒီမင်းသမီးကတော့..ရှတော့မယ်....အနေအထိုင်ကိုမတတ်ဘူး...' ဟူ၍ပင်။ သူတို့နှစ်ယောက်အကြောင်းကို ရိမ်မိနေသူကတော့ Joy တစ်ယောက်သာ။

"ပေး!....ပေး......."
စိတ်မရှည်စွာ တောင်းလာသော ဖုန်းကို ကြောက်လန့်တုန်လှုပ်စွာပင် Joy ပေးလိုက်ရသည်။

ဘယ်အချိန်ထပေါက်မည်မှန်းမသိသော ဗုံးတစ်လုံးကို ကိုင်ဆုပ်ထားရသူနှယ် လက်ဖျား‌ခြေဖျားများ အေးစက် တောင့်ခဲနေမိသူကလည်း Joy ပင်။ တစ်ဖက်မှ ဘာများပြောလိုက်၍ ခွန်းဘယ်လိုများ ပေါက်ကွဲမည်လဲကိုသာ သူရှေးရှုနေရသည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now