14:ချစ်မိခြင်း

751 82 8
                                    

#Unicode

"ကိုကို...ဘာတွေလုပ်နေတာလဲ?...."

ရုတ်တရက်ဆန်လှသော မေးခွန်းကြောင့် အမေးခံလိုက်ရသော သုကမ္ဘာတစ်ယောက် အနည်းငယ်တော့ ပဟေဠိဆန်သွားသလို ခံစားလိုက်ရသည်။ အဘယ် ကြောင့်ဆိုသော် သုကျော့ရှင်းဆိုသော ညီမဖြစ်သူက တော်ရုံကိစ္စမဟုတ်ပဲနှင့်တော့ သူနှင့်အခုလို မျက်နှာချင်းဆိုင်ကာ စကားမပြောဖြစ်ကြသည်မှာ အ‌ချိန်ကာလတစ်ခုပင်ရှိနေခဲ့ပြီ။

"ဘာကိုမေးတာလဲ?....."
သူတို့၏မောင်နှမ ဆက်ဆံရေးက အခုမျှလောက်ပင် အေးစက်မာကျောကြသည်။ တစ်ယောက်နှင့်တစ်ယောက် အနေလည်းဝေးခဲ့ကြသလို စိတ်သဘောထားချင်းလည်း တိုက်ဆိုင်လှသည်ဟူ၍ သိပ်မရှိ‌ကြသောကြောင့်ပင်။

"မသိချင်ယောင်ဆောင်တော့လည်း...ရှင်းကပဲ..ပြောပြရတာပေါ့...ရဲမာန်..ဘယ်မှာလဲ?....."
"ဘာာာ...!!!.."

ရှင်း မေးလိုက်သော မေးခွန်းက သူ့အတွက် အတော်ပင်ခံရခက်သွားသည်။ အခုလို အလန့်တကြားဖြစ်သွားရသည့် အကြောင်းပြချက်ကိုတော့ သူတို့အချင်းချင်းတော့ သိကြသည်။

"ရှင်း...အဲ့ကောင်အကြောင်း...ဘာမှဆက်မမေးနဲ့...နင့်ပါးစပ်က..သူ့နာမည်ထွက်လာတာ..ငါမကြိုက်ဘူး......"
ဆတ်ဆတ်ထိမခံ ဖြစ်နေသော အကိုဖြစ်သူကိုကြည့်ကာ ရှင်းရယ်ချင်မိသည်။ ကိုယ့်ညီမကျတော့ အခုလောက်ထိ သိတတ်တာလား ဟုသာ မေးလိုက်ချင်တော့သည်။

"မမေးမဖြစ်လို့မေးနေရတာ..ကိုကို..ရဲမာန်ဘယ်မှာလဲ?....ကိုကိုဘာတွေကြံစည်နေတာလဲ?...."
"ဘာလဲ?...နင်ကအခုထိ..သူ့ကိုစိတ်မကုန်သေးဘူးလား?...အခုထိမနာကျည်းနိုင်သေးဘူးလား...အဲ့လိုစာရိတ္တမကောင်းတဲ့လူကို...နင်မို့လို့..အခုထိ..."

ပြောရင်းမေးရင်းဖြင့် သုကမ္ဘာထံမှ အတိတ်ကအကြောင်းအရာအချို့ကို ပြန်လည်ကြားလိုက်ရ၍ ရှင်းလည်း ခံစားချက်အဟောင်းအချို့ကို ပြန်ခံစားလိုက်ရသလို။
"ရဲမာန်..ဘယ်တုန်းကမှ..စာရိတ္တမပျက်ပြားခဲ့ဘူးဆိုတာကို...ကိုကို ကိုယ်တိုင်သိနေပါတယ်...." ခနဲ့တဲ့တဲ့ဖြင့် တဲ့တိုး မေးလိုက်သော ရှင်းစကားကြောင့် သုကမ္ဘာတစ်ယောက် အဖြေမဲ့သွားသည်တော့ အမှန်ပင်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now