9: Race Start.....!

712 92 3
                                    

#Unicode

ပန်း...ပန်းတွေပွင့်နေတယ်...ဘယ်မှာလဲ?..ကျွန်တော့်ရင်ထဲမှာပေါ့....သူ့ကြောင့်လေ....

"ခင်ဗျား...ဒီနေ့မှန်ကြည့်လို့..ပြီးမှာပါနော်..."
ကိုယ်လုံးပေါ် မှန်ရှေ့မှာ ကျွန်တော်စရောက်ကတည်းက ရပ်နေတာ အခုထိကို ကြည့်လို့မပြီးနိုင်သေးသော သူ့အား မကျေမနပ်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။

သူက ကျွန်တော်ဖြစ်စေချင်တဲ့ လူတစ်ယောက်ပြန်ဖြစ်အောင်ကြိုးစားမယ်တဲ့လေ။ စိတ်ချမ်းသာသွားတယ်ဆိုတာထက် ရင်ထဲမှာ ကြည်နူးမိသွားတာ အမှန်ပင်။ ကျွန်တော့်စေတနာတွေကို သူမြင်သွားပြီ‌။သူ့ကြောင့်ပဲ အခုလိုနေရာကို အရဲစွန့်ပြီးလာခဲ့ရတာ၊ဘယ်သူဘယ်ဝါမှန်း မသိခင်ကတည်းက သူ့အတွက် ‌ရင်ထဲမှာ စေတနာဗလပွဖြစ်နေခဲ့တာ၊ အရာအားလုံးက သူ့‌ကြောင့်ပင်။

"အင်း...မပြီးလောက်ဘူး...မနက်ဖြန်အတွက်ပါ တစ်ခါတည်းကြည့်ရမှာလေ..မှန်က..နောက်နှစ်ရက်စာလောက်တောင်..ချေးပြီးကြည့်မလားလို့..."

အဲ့ဒါပဲ...အဲ့ဒီ့အရာတစ်ခုပဲ....အခုချိန်ထိကို..ကျွန်တော်တို့...ရန်ဖြစ်နေကြတုန်းပါ..ရှင်းရှင်းပြောရရင်...ကိုက်နေကြတာ....

"Shit!!.." စိတ်မရှည်သော အသံဖြင့် ထွက်သွားသော ဖရုဿဝါစာ တစ်ခွန်း။

"ဟိတ်!..ဟိတ်..မဆဲနဲ့လေ..ငါကမင်းထက်..အသက်ပိုကြီးတယ်ကွ....ပြေပြေလည်လည်‌ပြော.."
" ဒါဖြင့်လည်း..တစ်ခါတည်းမေးမယ်..နောက်ဆယ်မိနစ်နေလို့မှ..ခင်ဗျားမပြီးသေးရင်..ကျွန်တော်ပြန်ပြီပဲ....."

ထိုအခါမှ ကျွန်တော်တကယ် စိတ်မရှည်မှန်းကို သူသိသွားပုံရသည်။ သိဦးမှပဲ...ဘယ်နှယ့်..လူကိုအစောကြီးခေါ်ထားတုန်းကခေါ်ထားပြီး..မှန်ကြည့်ပြနေတာ..သိပ်တော့ သဘာဝမကျဘူးလေ...

"ခွန်း!...မင်းကလည်း..စိတ်ချည်းပဲ...ခဏလေးပါကွ...အပြင်မထွက်တာကြာနေတော့..ကိုယ့်ကိုကိုယ်သိပ်ပြီး...confident မရှိသလိုခံစားရလို့ပါ...."

ဟုတ်တော့လည်းဟုတ်သည်။ သူအပြင်မထွက်တာ တော်တော်လေးကြာနေပြီ။ ကျွန်တော့်အထင် မဏိဆုံးပြီးကတည်းကဆိုရင် လနှင့်ပင်ချီနေပြီ။ထို့ကြောင့်လည်း confident level နိမ့်နေသော သူ့ကို level မြှင့်ပေးရန် ကျွန်တော် လာခဲ့ခြင်းလည်းဖြစ်သည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now