12:အတ္တ

690 83 2
                                    

#Unicode

ကျိန်းစပ်သော ခံစားမှုတစ်ခုကို မျက်ဝန်းဆီမှ သူခံစားနေရသည်။ ခန္ဓာကိုယ်တစ်ခုလုံးဆီမှလည်း ညောင်းညာကာ ပင်ပန်းလာသည်ကိုလည်း သူသိသည်။ သို့သော် ဆေးရုံကုတင်ထက်တွင် မလှုပ်မယှက်ဖြင့် သတိမရသေးသောလူ တစ်ယောက်အတွက်ကိုသာ စိုးရိမ်ပူပန်နေမိသည်။ ဆရာဝန်က စိတ်ပူစရာမရှိတော့ဘူး ဟုပြောသော်လည်း နှစ်ညတိုင်တိုင် သတိရမလာသေးသော သူ့ကြောင့် ရှိုင်းတစ်ယောက် ရင်ထဲတွင် အရှင်လတ်လတ် မီးတောင်တစ်ခုကို မြိုချထားရသလိုပင်။

ခွန်းဘေးတွင် သူ မရှိသည့် အချိန်ခဏလေးတွင်ပင်ခွန်းဘာဖြစ်သွားမည်မှန်း မခန့်မှန်းနိုင်သောကြောင့် ကုတင်နံဘေးတွင် တစ်ဖဝါးမှ မခွာပဲ သူနေခဲ့ခြင်းဖြစ်သည်။ ဆေးရုံရောက်ရောက်ချင်း ဆရာဝန်များက လိုအပ်သော operation ကိုချက်ချင်းပင် လုပ်ပေးကြ၍ စိတ်ပူစရာမလိုတော့ဘူးဆိုသော်လည်း    အခုချိန်ထိသတိရမလာသေးတာကိုတော့ သူစိတ်ပူနေမိသေးသည်။

သူကြည့်မိတိုင်း ပတ်တီးဖြူဖြူလေးတွေက နေရာယူထားသော ခွန်း၏ဦးခေါင်းနှင့် အရိုးအက်သွားသော ညာဘက်လက်တစ်ဖက်ကို မြင်ရတိုင်း သူဒေါသချောင်းချောင်းထွက်မိသည်။ လူတစ်ယောက်ရဲ့ အသက်ကို ကြက်ကလေး၊ဌက်ကလေးသတ်သလို လွယ်လွယ်ကူကူသတ်ပြစ်ရန် ကြံစည်ရက်သော ထိုလူတစ်စုကို ရှိုင်းအလွန်ပင် ရွံမုန်းမိသည်။ ခွန်းအတွက် သူတစ်ခုခုလုပ်ပေးချင်မိသည်။

ပြီးတော့ ထိုသို့မိုက်မဲသော အတွေးမျိုးဝင်ကာ ရဲရဲဝံ့ဝံ့ကားတိုက်ခံလိုက်သော လူကိုလည်း သူနည်းနည်းမျှ မကျေနပ်ပေ။ သူ့ကိုတော့ အဝေးကို ရှောင်ရန်တွန်းပစ်လိုက်ပြီး ကိုယ်တိုင်ကျတော့ရူးမိုက်တဲ့ဆုံးဖြတ် ချက်ချ လိုက်သော ခွန်းကိုလည်း သတိရလာလျှင် သူမေးရမည်က သူရဲကောင်းဖြစ်ချင်တဲ့ ဆန္ဒပြည့်သွားပြီလားလို့လေ။ဘယ်လိုအတွေးမျိုးနဲ့များ..........

ခွန်းကို သူကြည့်မိနေရင်းမှာပင်  လေးလံလှ‌သောမျက်ခွံတို့ကြောင့် ခေတ္တခဏမျှ ကုတင်စောင်းလေးတွင် မျက်နှာအပ်ကာ သူမှေးလိုက်မိသည်။ သို့သော် နှုတ်မှရွတ်နေသော ခွန်းအတွက် ဘုရားစာအချို့နှင့်ဆုတောင်းခြင်းများကတော့ တတွတ်တွတ်နှင့်ပင်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now