25:ပတ်သက်နေမှုများ

566 63 5
                                    

#Unicode

စုံလင်လှသောနှစ်ဖက်မိဘ၊ဆွေမျိုးများ၏‌ ရှေ့မှောက်တွင် အရွယ်ရောက်ပြီးသူ နှစ်ယောက်အတွက် စေ့စပ်ကြောင်းလမ်းခြင်း အမှုကို ပြုပေးနေကြသည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ မျက်နှာထက်တွင်လည်း ပီတိအပြုံးပန်းကိုယ်စီကိုဆင်မြန်းကာ ချီးကျူးထောပနာဖြင့် အသိအမှတ်ပြုပေးကြသည်။ မင်္ဂလာရှိသော အချိန်အခါသမယလေး တစ်ခုအဖြစ် အဓိပ္ပာယ်တို့လေးနက် ပြည့်စုံလို့နေသည်။

"ရှိုင်း.....ခင်ဗျား..အားမကျဘူးလား??...." ကိုယ်စီအလုပ်ရှုပ်နေသော လူတွေကြောင့် ရှိုင်းအနားသို့ မသိမသာကပ်ကာ ခွန်း မေးလိုက်ခြင်းဖြစ်သည်။

"အာ့..!......" ရှိုင်းက ကျွန်တော့်ဗိုက်ခေါက်လေးကို လိမ်ဆွဲလိုက်ကာ နှုတ်ခမ်းတွန့်ပြ‌သည်။

"သား...ဘာဖြစ်တာလဲ??....."
ရုတ်တရက်အနားသို့ ရောက်လာသော မေမေက ကျွန်တော့်အသံကြားလိုက်၍ စိတ်ပူစွာမေးလိုက်ခြင်းဖြစ်သည်။

"ဘာ..ဘာမှမဖြစ်ပါဘူး..မေမေ...ခြင်..ခြင်ကိုက်သွားလို့ပါ......" ကျေနပ်စွာသာ မုသားသုံးလိုက်သည်။

"ဘာများလဲလို့..သားရယ်...ခြင်ကိုက်တာလေးကို...ထအော်ရသလား??..."

ရှိုင်းက ကျွန်တော့်ကို ဘာမျှဆက်မပြောရန် အချက် ပြသည်။ မေမေတို့ တစ်စုံတစ်ရာရိပ်မိသွားမည်စိုး၍ထင်။ သို့သော် ထိုသို့ မလုံမလဲဖြစ်နေသော ရှိုင်းကိုပင် စချင်သည့်စိတ်ဖြင့်

"မဟုတ်ပါဘူး..မေမေရ..သားက ကိုက်တဲ့ခြင်ကို.. အသည်းယားလွန်းလို့ပါ....ဘယ်လိုဟာလေးမှန်းကိုမသိဘူး....ဟွန့်...."

"ခြင်ကိုများ..ငါ့သားက..အသည်းယားနေတယ်.. ဟုတ်လား?...ဒီတစ်ခါငါ့သားလေးကို ခြင်လာကိုက်ရင်...ရိုက်သာပစ်လိုက်..ဟုတ်ပြီလား??..." မေမေကလည်း ကျွန်တော့်ကို ပြုံးကာ ပြန်နောက်နေသေးသည်။

"မရိုက်ရက်ပါဘူး..မေမေရယ်...ဒီတစ်ခါဆိုလို့ကတော့...ဘယ်ကိုမှပြေးမရအောင်...ဖမ်းထားလိုက်ပြီး..သားအနားမှာ တစ်သက်လုံးထားပစ်လိုက်မှာ..ဟွန့်.. လာရဲတဲ့ ခြင်..လာကြည့်စမ်း..." ကျွန်တော်လည်း မချိုမချဉ်မျက်နှာပေးဖြင့် ရှိုင်းကို မျက်ခုံးပင့်ပြလိုက်သည်။ မေမေ မသိအောင်ပေါ့။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now