29:ဆူး

485 49 6
                                    

#Unicode

"ရော့!!...ဒီစာချုပ်မှာ...လက်မှတ်ထိုးပေးလိုက်...ဒါဆို ပြီးပြီ..."

တစ်ခွန်းတည်းသော စကားကို ပီပီသသဖြင့် ခွန်းက တစ်ကြိမ်သာပြောလိုက်သော်လည်း သူ့နားထဲတွင်တော့ ပဲ့တင်ထပ်ပြီး သုံးလေးခါမျှကြားနေရသည်။ သူအိပ်မက်မက်နေတာလား?။ သူသတိလစ်နေတုန်းလား?။ ထင်ယောင်ထင်မှားဖြစ်နေတာလား?။

"ရှိုင်း!!!....ဘာကြောင်ကြည့်နေတာလဲ?...ထိုးလေ!!... လက်မှတ်ထိုးလိုက်....."

ကြားရသည့်စကားများက နားဝသို့သာမက နှလုံးသား အထိပါ စီးကျပျော်ဝင်သွားသည်။ သူသိခဲ့ရတဲ့ ခွန်းဆိုတာ.....။

"ဟာ....ထိုးပေးလိုက်လို့!!!!....ခင်ဗျား အသားမနာချင်ရင်...ရော့.!!.."

"မင်း...မင်းဘာလို့..အခုလိုလုပ်ရတာလဲ!!??...ဘာကြောင့်လဲ??...မင်းမှာ ဘာရည်ရွယ်ချက်တွေရှိနေတာလဲ???.... မင်းကဘယ်လိုလူလဲ??..."

နားမလည်နိုင်စွာဖြင့် သူ့နှူတ်မှ မေးခွန်းများတန်းစီကာ ထွက်လာကြသည်။ တစ်ပြိုင်နက်တည်းဖြစ်ပေါ်လာသည့် ငိုချင်စိတ်တစ်ခုကိုတော့ သူထိန်းချုပ်ထားလိုက်နိုင်သည်။ အခုချိန် သူငိုနေ‌တော့ရော ဘယ်သူက လာသနားမှာလဲ။

"ဟုတ်ပြီလေ...မသိတော့လည်း ပြောပြရတာပေါ့... ခွန်းတုံ့ညီဆိုတဲ့..ဟောဒီက ကျွန်တော်က...ခင်ဗျားရဲ့မာမီ..ဒေါ်သီရိရွှေစင်ရဲ့...သားအရင်းပဲ!!....ဒီတော့.. ဘာကြောင့် အခုလိုတွေ လုပ်ရလဲဆိုတာကို... ထွေထွေ ထူးထူးရှင်းပြနေစရာ..မလိုတော့ဘူးထင်တယ်!! ..ဟင်း ဟင်း..."

သူ့ကို ပြောနေသော ခွန်း၏စကားသံများတွင် ခနဲ့သလို၊လှောင်ရယ်သံတို့လည်း ရောယှက်ပါလာပြန်သည်။ သူက ဒေါ်သီရိရွှေစင်ရဲ့ သားအရင်းဆိုပါလား...။ ခွန်းက တောင်ကြီးမှမိဘများ၏ မွေးစား သားဖြစ်နေမှန်းကိုတော့ သူသိထားသည်။ သို့သော် ခွန်း၏အမေက မာမီဟုသူတစ်ချိန်လုံး ခေါ်ခဲ့သည့်လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု တွေးပင်မတွေးမိခဲ့တာ အမှန်ပင်။ ဘာတွေဖြစ်ကုန်တာလဲ?..။ဘာတွေဖြစ်နေတာလဲ?....။ နားမလည်ခြင်းများ၏ နောက်ကွယ်တွင် သူ့၏ နားလည်နိုင်စွမ်းတို့ပင် ပျောက်ဆုံးချင်လာသည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now