23:လျှို့ဝှက်ချက်

577 61 5
                                    

#Unicode

"ခွန်း.....ခွန်း...ဝမ်းသာလိုက်တာဟယ်....နင်ပြန်လာမယ်...အန်တီတို့ပြောလို့...ငါလာစောင့်နေတာ...."

ကျွန်တော့်အိမ်သို့ရောက်လျှင် ရောက်ချင်းပင် မိနှင်းတစ်ယောက် ဝမ်းသာအားရ စောင့်နေသည်နှင့်တိုးတော့သည်။

"ဟုတ်လား?...ငါတစ်ယောက်တည်းမဟုတ်ဘူးဟ...ငါ့ဧည့်သည်‌တွေလည်းပါတယ်....."

ရှိုင်းနှင့် ကျော့ရှင်းတို့က Royal စံအိမ်လောက် မကျယ်သော ကျွန်တော်ခြံထဲတွင် မမယွန်းနှင့် မမသွန်းတို့၏ အင်တာဗျူးခြင်းကိုခံနေရသည်။ မမယွန်းရော မမသွန်းကပါ ရှိုင်း၏ အမာခံပရိသတ်များဖြစ်ကြသည်။ ရှိုင်းနှင့်ပတ်သက်လျှင် သူတို့မသိတာကို မရှိသလောက်ရှားသည်။ ထို့ကြောင့်လည်း ကျွန်တော်စိတ်ချလက်ချဖြင့်ခြံထဲတွင် ရှိုင်းကိုထားခဲ့ကာ အိမ်သို့ဦးစွာ ဝင်လာခဲ့ခြင်းဖြစ်သည်။

မ‌တွေ့ရတာကြာပြီဖြစ်သော မေမေနှင့်ဖေဖေ့ကို အလွန်လွမ်းလှပြီ။ မေမေနှင့်ဖေဖေတို့က သားဆိုးလေး ကျွန်တော့်ကို မည်သည့်ပုံစံမျိုးဖြင့် ‌ဆီးကြိုနေလိမ့်မလဲ ဟူ၍ ရင်ခုန်နေမိသည်။ သို့သော် အခုတော့ အရင်ဆုံးတွေ့ရသူက...

"ဧည့်သည်???...ဘယ်သူတွေလဲ?...နင်နဲ့ဘယ်လိုပတ်သက်လဲ?...ဘာလို့ခေါ်လာတာလဲ ဟ?....."

သူမ ပြောသောစကားများကို ကျွန်တော် သဘောမတွေ့ချေ။ ပိုင်စိုးပိုင်နင်း ဆန်လှသည်။ ဘယ်သူပဲဖြစ်ဖြစ်....ဘယ်လိုပဲပတ်သက်နေနေ...ဘာကြောင့်ပဲခေါ်လာလာ....သူမ နှင့် လုံးဝမသက်ဆိုင်သော အကြောင်းအရာများပင်။

ထို့ကြောင့်လည်း သူမ မေးသော မေးခွန်းများကို ကျွန်တော်မဖြေပဲ နှုတ်ဆိတ်နေကာ မေမေ့ကိုသာ မျက်လုံးအစုံက ရှာနေမိသည်။

"သား!....အမလေး..မေမေ့သားလေး....သားလေးရယ်......"

အပေါ်ထပ်လှေကားမှ ကမန်းကတန်း ပြေးဆင်းလာသော မေမေ့ကို တွေ့လိုက်ရ၍ ကျွန်တော့်အမောများပြေသွားရပြီ။

"ဖြည်းဖြည်း....ဖြည်းဖြည်းဆင်းပါ‌..မေမေရယ်... ချော်လဲနေပါ့မယ်....."

"သားရယ်...မေမေ့သားလေး..ကြည့်ပါဦး...ပိန်သွားလိုက်တာ...အလုပ်တွေအရမ်းရှုပ်နေမှာပဲနော်... မေမေကသားကိုသတိရနေတာ...မေမေ့သားလေးကို...လွမ်းနေတာ....ကြည့်ပါဦး...မေမေ့သားလေးက...ကလေးလေးမဟုတ်တော့မှန်း..အခုမှပဲသိတော့တယ်...လူကြီးကြီးတစ်ယောက်လိုပဲ...ရင့်ကျက်နေလိုက်တာ.........."

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Donde viven las historias. Descúbrelo ahora