6:Stand up!....

860 106 9
                                    

#Unicode

"မဏိ....မဏိမောင့်ဆီပြန်လာတာလား?..ဘယ်တွေလျှောက်သွားနေတာလဲကွာ...မောင်လွမ်းလှပြီ.."

ကျွန်တော့်ကို ဆုပ်ကိုင်ထားသော လက်အစုံက ပူနွေးလာသလို သူ့ပါးပြင်ပေါ်မှာလည်း မျက်ရည်တစ်ချို့ ကျဆင်းလာလေသည်။ သူ့ကိုကြည့်ပြီး ကျွန်တော့်ပါးပြင်မှလည်း ရုတ်တရက် နွေးသွားကာ မျက်ရည်ကျမိသည်အထိပင်။

ရက်စက်လိုက်တဲ့...ကံကြမ္မာကြီးရယ်...ဒီလောက်ချစ်ကြတဲ့...ချစ်သူနှစ်ဦးကို..ရက်ရက်စက်စက်ကြီးခွဲရက်လေခြင်း.... သူတို့မှာ...ဘာအပြစ်တွေများရှိလို့လဲ...

အခန်းတစ်နေရာမှလည်း မိန်းကလေးတစ်ဦး ၏ရှိုက်သံ သဲ့သဲ့ကို သူကြားလိုက်သည်။ မဏိပဲ...သူမဘယ်လောက်တောင်..ကြေကွဲ နေလိုက်မလဲ?..ချစ်ရသူရဲ့..ပုံစံကိုမြင်ပြီး...အသည်းတွေဘယ်လောက်တေင်..ကြေမွနေလိမ့်မလဲ။...သူမကိုလည်းချစ်ရသူက..မကယ်နိုင်သလို...ချစ်ရသူကိုလည်း..သူမက မကယ်နိုင်သည့်အဖြစ်.....

ကျွန်တော့်ကို မဏိနှင့် အမြင်မှားနေသော သူ့ကို လည်း စိတ်မဆိုးသာပေ။ အခုချိန်မှာ သူက အိပ်ရေးတွေလည်းပျက်၊ စိတ်လည်းထိခိုက်ထားတာနှင့် မြင်ချင်သောသူကိုပဲ မြင်နေတာ မဆန်းဘူးလေ။

"နေကောင်းအောင်နေပါ....အခုလိုပုံစံကြီးမြင်ရတာ..စိတ်ထဲမှာမကောင်းဘူး...ထူထူထောင်ထောင်နဲ့..ကျန်းကျန်းမာမာပုံစံကိုပဲ...မြင်ချင်တယ်....."
ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာ ထက် ယခုချိန်မှာ သူ့အတွက် အပြောသင့်ဆုံးသော၊ မဏိကိုယ်တိုင်လည်း ပြောချင်နေမည်ဖြစ်သော စကားများကို ကိုယ်စားပြောပေးလိုက်မိသည်။

"မောင့်အနားကို...မဏိပြန်လာမယ်ဆိုရင်...မောင်ကျန်းမာအောင်နေမယ်...မောင့်ဘေးကထွက်မသွားဘူးဆိုရင်...မောင်နေကောင်းအောင်နေမယ်...."
"သူ...ပြန်လာမှာပါ...."ဟူသော ဒွိဟဖြစ်စေမည့် စကားတစ်ခွန်းကိုသာ ကျွန်တော်​​ပြောလိုက်မိသည်။

သူ့မျက်နှာမှာ ပြုံးရိပ်သန်းသွားပြီး ကျေနပ်သွားပုံရသည်။ နေကောင်းလာရင်တော့...သူအမှန်ကိုသိမှာပါလေ...လောလောဆယ်တော့....

"ကိုရှိုင်း....ဆေးသောက်လိုက်နော်...ဒါမှ...မြန်မြန်နေကောင်းမှာလေ...." ဟူ၍ ကျော့ရှင်းက ဆေးကို ခပ်သွက်သွက် လာတိုက်လေသည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now