2:မျှော်လင့်မထားသော...

1.5K 108 15
                                    

#Unicode

"..You are not alone...I'm here with you...Though you're far away....I am here to stay.........🎼🎼🎼..."

စည်းချက်ကျကျထွက်လာသော Michael Jackson ၏ 'You are not alone' သီချင်းကိုဖွင့်ကာ တဖြည်းဖြည်းကျဆင်းလာသော ရေပန်းမှ ရေများကို အဓိပ္ပာယ် ရှိရှိနှင့် ဇိမ်ကျကျချိုးနေမိသည်။

ဒီနေ့က သူ studio တွင်အသံသွင်းရန်ရှိသည်။သို့သော် နေ့လည် ၂နာရီမှ ချိန်းထားသည်ဖြစ်၍ မန်နေဂျာရော၊ stylistရော၊အကူလူတွေရော တစ်ယောက်မျှ ရောက်မလာကြသေးချေ။ထိုသို့မလာကြသေးသည်ကပင် သူ့အတွက်ပို၍ လွတ်လပ်သလိုခံစားရသည်။ အမြဲတမ်း ဘယ်သွားသွား တစ်တန်းတန်း၊တကောက်ကောက် ပါနေကြ၍ ကြာတော့ privacy မရှိတော့သလိုပင် ခံစားလာရသည်။

အခုတော့ အခန်းထဲတွင် မိမိအကြိုက်ဆုံး အဆိုတော်၏ သီချင်းလေးကိုဖွင့်ကာ တစ်ယောက်တည်း စီးမျောနေရသည်က သူ့အတွက်တော့ အဓိပ္ပါယ်များစွာ ရှိသည်ဟု ယုံကြည်နေသည်။

ငယ်စဥ်ကတည်းက သူစိတ်အားငယ်တိုင်း၊စိတ်ဓာတ်ကျသည့် အခါတိုင်း 'You are not alone' သီချင်းလေးကိုဖွင့်ကာ မိမိကိုယ်မိမိ အားပေးနှစ်သိမ့်လေ့ရှိသည်။ ထိုမှစ၍ သူ၏ အဆိုတော်ဖြစ်ချင်သော ဗီဇများပေါက်ပွားလာသည်။

Music က ဆိုးသွမ်းသော လူတစ်ယောက်ကို ညင်သာပျော့ပျောင်းစေသည်၊စိတ်ဓာတ်ကျနေသူကို စိတ်ဓာတ်မြှင့်တင်ပေးသည်၊ခွန်အားလည်း ဖြစ်စေသည်။ ထိုသို့ ပဥ္စလက်ဆန်သော music ကို သူတဖြည်းဖြည်း အဖော်ပြုရင်းဖြင့် ဂီတသံဇဥ်များကို စိတ်ဝင်စားလာကာ ထိုအတတ်ကို တတ်မြောက်သော အဆိုတော်တစ်ယောက်ဖြစ်လာရသည်။

သူသီချင်း၏ ရသကို အပြည့်အဝခံစားနေရင်းမှ ရုတ်တရက် သီချင်းပိတ်သွားသည်။ ရေချိုးနေရင်းမှ သီချင်းသံ မကြားရတော့၍ အနည်းငယ် အံ့သြသွားရသည်။

သူ့အခန်းကို မာမီကလွဲ၍ ဘယ်သူမှ အဝင်အထွက်မရှိချေ။ အခုမာမီကလည်း သူမအလုပ်ကိစ္စတစ်ခု​ကြောင့် မနက်အစောကြီးကတည်းက ဘန်ကောက်သို့ထွက်သွားသည်။သူကိုယ်တိုင်ပင် လေဆိပ်လိုက်ပို့လိုက်သေးသည်။ ဒယ်ဒီကတော့ သူ့အခန်းထဲ ဝင်လေ့မရှိ။​ပြောစရာရှိလျှင် အပြင်သို့သာခေါ်၍ ပြောတတ်သည်။ သူက ဒယ်ဒီနှင့်အနည်းငယ်စိမ်းသည်။ အခုလိုအချိန်မျိုးမှာတော့ဒယ်ဒီလည်း အခန်းထဲဝင်လာစရာ အကြောင်းမရှိပေ။ Worker holic တစ်ယောက်ဖြစ်သော ဒယ်ဒီက ဘယ်တော့မှ ဒီအချိန်ထိ အိမ်မှာရှိမနေတတ်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now