30:ပျော်ပါစေ

497 49 4
                                    

#Unicode

လွန်ခဲ့သော တစ်ပတ်ခန့်က <<<<<<<<<<<<<<<<<

"မင်းအခုပြောနေတာတွေအရဆိုရင်တော့...အစ်ကိုတို့ထင်တာ မမှားခဲ့ဘူးပေါ့....." ဟူ၍ ခေါင်းတငြိမ့်ငြိမ့်ဖြင့် တွေးတောကာ ပြောနေသူက ကိုစည်သူမင်း။

"ဟုတ်တယ်..အစ်ကို...ကျွန်တော်ကိုယ်တိုင်တောင်..ကြားကြားချင်း မယုံနိုင်လို့...ပြီးတော့ ရှိုင်းအတွက်လည်း အန္တရာယ်ရှိနေလို့...အခုလိုမျိုး..အစ်ကို့ကို အရေးတကြီးတွေ့ဖို့..ကျွန်တော်လိုက်လာရတာ....."

ကျွန်တော် ရန်ကုန်ကို အပြေးတစ်ပိုင်း တောင်ကြီးမှဆင်းလာရသည်။ အကြောင်းမှာ ရှိုင်း၏အမွေကိစ္စနဲ့ပတ်သက်ပြီး ဒေါ်သီရိရွှေစင်နှင့် သူ့အမျိုးသားဆိုသူတို့ ပူးပေါင်းကြံစည်မှုကိုသိထားသောကြောင့်ပင်။ ဟုတ်ပါသည်။ ဒေါ်သီရိရွှေစင်နှင့် Mr.Streven ဆိုသူကို ကျွန်တော့်မိဘများအဖြစ် ဘယ်နည်းနှင့်မျှ လက်မခံနိုင်ပေ။ ထို့ကြောင့်လည်း ကျွန်တော်အခုထိ သူတို့ကို အဖေ၊အမေ စသည်ဖြင့် တစ်ခွန်းမျှ မခေါ်ဖြစ်သေးပေ။

ကျွန်တော့်ကံကြမ္မာကို ကျွန်တော်အလွန်ပင်ကျေးဇူးတင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှင့်ကွဲကာ လက်ရှိကျွန်တော့်မိဘများနှင့် ဖြတ်သန်းခဲ့ရသည့် အချိန်သည်ကား
အထူးအခွင့်အရေးပဲ မဟုတ်လား။ ကျေးညီနောင်ပုံပြင်ထဲကလို့ ယဉ်ကျေးပျူငှာပြီး ကိုယ်ကျင့်သိက္ခာကို ဘုရားလိုကိုးကွယ်သည့် မိဘများနှင့် ဆုံဆည်းခွင့်‌ပေးခဲ့သည့် ကံကြမ္မာသည်ကား ကျွန်တော့်အပေါ် မျက်နှာစာပေးလွန်းခဲ့ခြင်းဟုလည်း ဆိုနိုင်သည်။ ထိုသို့မဟုတ်ခဲ့လျှင် ယခုအချိန် ကျွန်တော်လည်း သုကမ္ဘာလိုထောင်နန်းစံနေရလောက်သည်။

ယခုပဲ ကျွန်တော်က သူတို့နှင့် အလိုတူအလိုပါ ပြန်ပေးသမားဖြစ်လာတော့မည်။ သို့သော် ကျွန်တော့်ဖေ‌ဖေ၊မေမေနှင့် မမတို့၏ ဆုံးမပဲ့ပြင်ခဲ့မှုတွေက ကျွန်တော့်ကို လမ်းမလွဲစေခဲ့ပေ။ ထို့ကြောင့်လည်း ကျွန်တော် ယခုကိစ္စကို ကိုစည်သူမင်းနှင့် အရေးတကြီး တိတ်တဆိတ်လာရောက်တိုင်ပင်ခြင်းဖြစ်သည်။ ကျွန်တော်ယခုရောက်နေသည်က ကိုစည်သူမင်း၏အိမ်တွင်ပင်။ ဒေါ်သီရိရွှေစင်နှင့် အကြံသမားတို့က ကျွန်တော့်ကို ယုံကြည်လွန်းနေတာကလည်း ယခုလိုစီစဉ်နေနိုင်ခြင်း၏ အဓိကသော့ချက်ပင်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now