28:အဆုံးသတ်

524 56 2
                                    

#Unicode

"ခွန်း...‌နေမကောင်းဘူးလား?...ဘာဖြစ်နေတာလဲ?.. မျက်နှာလည်းမကောင်းပါလား?..."

Video Callစဖွင့်ကတည်းက သူ့ထံမှ ကျွန်တော့်ကိုစိတ်ပူနေသော စကားစုလေးများကို ကြားရတော့သည်။ သို့သော် ကျွန်တော် တုံ့ပြန်စကားမဆိုမိပါဘဲနှင့် သူ့ကိုသာ စိုက်ကြည့်နေမိသည်။

"ခွန်း...တစ်ခုခုစိတ်မကောင်းစရာရှိလို့လား?..ဒါမှမဟုတ်.. အိမ်နဲ့အဆင်မပြေလို့လား?...အလုပ်တွေအရမ်းပင်ပန်းနေလို့လား?...ဘာဖြစ်နေတာလဲ ခွန်း?...ပြောပါဦး..ငါ့ကိုတစ်ခုခုပြောပါဦး......"

ရှိုင်းထံမှ ဆင့်ကဲဆင့်ကဲ မေးခွန်းများကို တရစပ်မေးမြန်းခြင်းခံနေရသော်လည်း ကျွန်တော့်မျက်လုံးများကတော့ လှုပ်ရှားနေသော သူ့နှုတ်ခမ်းလေးများကိုသာ တစိုက်မတ်မတ်ကြည့်နေမိသည်။ အခုလိုကြည့်ခွင့်မျိုးတောင်..ရှိပါဦးမလား....နောက်ထပ် နောက်ထပ်??......။

"ခွန်း!!!....ငါမေးနေတာဖြေဦးလေ!!....ဘာတွေကိုဒီလောက်စိုက်ကြည့်နေတာလဲ?...ဘာလဲ ငါနဲ့စကားမပြောချင်လို့လား?...ငါ့ကိုစိတ်ဆိုးနေတာလား?...ဘာဖြစ်နေတာလဲ?...တစ်ခုခုတော့ပြောဦးလေကွာ!!...ငါစိတ်တိုလာပြီ..."

ထိုအခါမှ ကျွန်တော့်အတွက်နှင့်ရှိုင်းကို စိတ်ဒုက္ခ‌မပေးလိုသောကြောင့်
"ဟင်း...ဟင်း...ဟီး...." ဟူ၍ ရယ်သံကျဲကျဲကို ပေးလိုက်မိတော့သည်။

"ဟမ်...ဘာရယ်တာလဲ?..ဘာလဲ??..မင်းကငါ့ကိုစနေတာလား?..ဟုတ်လား?..."

ကျွန်တော့် လက်ရှိစိတ်ခံစားချက်နှင့် ဆန့်ကျင်သော အပြုံးတစ်ခုကို အားတင်းပြီး ရှိုင်းကိုပြုံးပြလိုက်ကာ
"ဟုတ်တယ်....ချစ်လို့စတာပါဗျ...ချစ်လွန်းလို့...ချစ်လွန်းလို့ပါ......" ဟူ၍ ပြုံးကာပြောနေသော်လည်း အဆုံးသတ်စကားသံတို့တွင် ငိုသံတို့ အနည်းငယ် ရောယှက်သွားမိသည်။

ထို့ကြောင့် ကျွန်တော် camera ကိုမကြည့်ပါဘဲနှင့် အောက်ကိုငုံကာ တစ်ခုခုရှာနေ‌သယောင်ဖန်တီးလိုက်ပြီး ယိုစီးရန် အသင့်အနေအထားဖြစ်နေသော မျက်ရည်တို့ကို သုတ်လိုက်မိသည်။

"ခွန်း....ဘာဖြစ်လို့လဲ??..ဘာပျောက်လို့လဲ??...."

"လက်နဲ့တိုက်ချမိလိုက်လို့...တစ်ခုခုများကျသွားသလားလို့....အဲ့ဒါ...." ရှိုင်းမသိစေရန် မသေမသပ်မုသားတစ်ခုကိုပြောလိုက်ရသည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now