16:ဒုတိယအကြိမ်

613 74 2
                                    

#Unicode

"ရှိုင်း...သီချင်းသွင်းပြီးရင်... Shootingသွားရမယ်နော်...မနေ့က scene ကို ဆက်ရိုက်ဖို့..ရှိသေးတယ်...."

Starlight music production ၏ studio တွင် ရှိုင်းတစ်ယောက် မနက်အစောကြီးကတည်းက သီချင်းလာသွင်းနေသည်။ ကျွန်တော့်ကိုလည်း ဘာမျှအသိမပေးထားချေ။ မန်နေဂျာတစ်ယောက်အနေဖြင့် သူဒီနေ့ဘာလုပ်ရမည်ကို ကျွန်တော်က ပိုသိသည်မဟုတ်လား။ ဒီနေ့ schedule က သူ့အတွက်အပြည့်ပဲ။ အင်တာဗျူးသွားစရာလည်းရှိသေးသလို၊ shooting ကိုလည်းသွားရပေဦးမည်။ ထို့အပြင် ဒီနေ့ည show ပွဲလည်းရှိနေသေးသည်။

သို့သော် ယနေ့ schedule တွင်မပါသော သီချင်းသွင်းခြင်းကိုတော့ မနက်ကတည်းက ရောက်လာကာ လုပ်ဆောင်နေ‌သည်။ သူ studio သွားမှန်း ကျွန်တော်တောင် မသိလို့ သူ့အိမ်ရောက်ပြီး Joy ကိုဖုန်းဆက်မေးကာမှ သိခဲ့ရသည်လေ။ Joy တို့လူတစ်စုကိုတော့ shooting မှာပဲ ကျွန်တော် စောင့်ခိုင်းထားသည်။ ရှိုင်းကျွန်တော့်ကို ဘာများ မကျေမနပ်ဖြစ်နေပါလိမ့်?....... ဘာကိုအလိုမကျလို့လဲ?..

"ငါသိတယ်!......."

ပြေပြစ်မှုတို့ကင်းရှင်းနေသော စကားတစ်ခွန်းကို ရှိုင်းထံမှ ကြားလိုက်ရ၍ ကျွန်တော် အောင့်သက်သက်တော့ ဖြစ်သွားမိသည်။ ဘာလဲ?...ဘာဖြစ်နေတာလဲ?..စရောက်ကတည်းက..မျက်နှာချင်းလည်းမဆိုင်သလို...စကားလည်းတစ်ခွန်းမျှ မပြော။

"သိရင်လည်း...ပြီးတာပဲ...ကျွန်တော်က..မေ့နေမှာစိုးလို့....သတိပေးတာ...."
"..................."

သူ့ဆီမှ စကားလုံးအချို့ကို မျှော်လင့်မိသော်လည်း အဖတ်လုပ်ခြင်းပင် မခံရသည့်အဖြစ်။ ထို့ကြောင့် ကျွန်တော်လည်း ခံပြင်းမိစွာပင်..
"အောက်မှာစောင့်နေမယ်....ပြီးရင်..ဆင်းခဲ့!....." လို့ ပြေပြစ်စွာပင် ပြောလိုက်တော့သည်။

မကျေနပ်သော ဒေါသများဖြင့် ဝေဝါးစွာ လှေကားမှ တစ်ထစ်ချင်း ဆင်းလာမိတော့သည်။

"ဟိတ်...ညီ...သတိထား!!......" ဟူသော အသံနှင့်အတူ လှေကားမှ ရုတ်တရက် ခြေချော်သွားသော ကျွန်တော့်ကို ‌အနောက်မှ လှမ်းဖက်ထားသူက မင်းမဟာ။ မင်းမဟာတစ်ယောက် ရုတ်တရက် ဘယ်ကဘယ်လိုရောက်လာမှန်းမသိသော်လည်း သူ့လက်ကတော့ ကျွန်တော့်ခါးသို့ နေရာတကျ။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now