1:My Hero

3.4K 163 11
                                    

#Unicode

ပူပြင်းလှသော ခံစားမှုနှင့်အတူ မွှန်ထူနေသော မီးခိုးလုံးများ၊ တစ်လှိမ့်ချင်းစီရစ်ပတ်ကာတက်နေသော မီးညွှန့်မီးခက်များကားတစ်စတစ်စ ဖြင့်မျက်စိရှေ့တွင်ပင် များသထက်များကာ ပွားလာသည်။ပတ်ဝန်းကျင်တစ်ခုလုံးကို အဝါရောင်များကသာ ကြီးစိုးသွားပြီး တဖြည်းဖြည်းဖြင့် ထိုပူလောင်မှုများက သူ့ဆီသို့ ကူးစက်လာကြတော့မည်။

ခုနစ်နှစ်သာ ရှိသေးသော သူ့အဖို့မှာကား ကယ်တင်မည့်သူကိုမျှော်နေရုံမျှ မှတပါး အခြားမရှိပြီ။ မီးခိုးများက တစ်စတစ်စ ပို၍ပင် များပြားလာကြသည်။တစ်ချက် တစ်ချက် နှာသီးဝသို့ရောက်လာသောအခါ ပူထူပြီး အသက်ရှူပင် ကြပ်ချင်လာမိသည်။ထိုအချိန်တွင် သူ့နှုတ်မှ တောင့်တမိသူက

"မေမေ..မေမေ...သားကိုကယ်ပါဦး...မေမေရေ..သားကြောက်တယ်...မေမေ...ဟင့်..ဟင့်..ဟင့်.."

သူ့အရွယ်နှင့်လိုက်အောင် သူအကောင်းဆုံးလုပ်နိုင်သည်က ငို၍အကူအညီတောင်းခြင်းပင်။

"သား!!!!!...မေမေ့သားလေး...မကြောက်နဲ့နော်..မေမေလာပြီ..."

သူငိုယိုကာ အကူအညီတောင်းနေသည်ကို မေမေကြား၍ထင် အပြေးအလွှားပင် မီးထဲသို့ ဝင်ကာ သူရှိရာသို့ရောက်လာသည်။

မေမေကကြင်ကြင်နာနာဖြင့် သူ့ကိုထွေးပွေ့ကာ ကြောက်နေမည်စိုး၍ ညင်သာသော အနမ်းလေးတစ်ချက် သူ့ပါးပြင်ပေါ်သို့ သာသာယာယာလေးရောက်လာခဲ့သည်။ထိုအချိန်က ရခဲ့သောအနမ်းသည် ဘဝတွင်နောက်ဆုံးသော မေမေ့ရဲ့အနမ်းတစ်ပွင့်မှန်း သူမသိခဲ့ချေ။

မေမေ့အနမ်းလေးကြောင့် တဒင်္ဂကြောက်စိတ်များပျောက်သွားရသည်။ ထို့နောက် သူ့လက်ကိုဆွဲကာ ထိုမီးလောင်ပြင်မှ ပြန်ထွက်ရန် မေမေကြိုးစားလေသည်။မေမေသည် ဘဝတွင် ပထမဆုံး သူ့ကို အသက်ဘေးမှကယ်ခဲ့ပေးသော သူရဲကောင်းတစ်ယောက်ပင်။

မေမေနှင့်အတူ ခက်ခက်ခဲခဲ ထိုနေရာမှ ပြန်ထွက်လာခဲ့ရာ အပြင်သို့ရောက်ရန် တံခါးပေါက်ကိုပင် မြင်နေရချေပြီ။ထိုတံခါးပေါက်ကိုကျော်လျှင် မေမေရော သူပါ ထိုမီးထဲမှလွတ်ပြီ။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now