17:ရှေ့သွား နောက်လိုက်

602 75 2
                                    

#Unicode

"ခွန်း!...ခွန်း......ခွန်း....ထပါဦး!.....ခွန်း...."

မိန်းကလေးတစ်ဦး၏ အသည်းအသန်သူ့အားနှိုးနေသော အသံတစ်ခုကြောင့် အိပ်နေရာမှ သူရုတ်တရက်လန့်ကာနိုးလာရတော့သည်။

"ဟင်...!??...."
ရုတ်တရက်သူမြင်လိုက်ရသည်က ရွှေမဏိ။ သူ့ကုတင်စောင်းတွင် ထိုင်ကာ သူ့ကို အကူအညီတောင်းသယောင်ရှိနေသော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမ မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို အသိပေးကာပြောပြချင်နေပုံရသည်။

သို့သော် သူမကို သူ မမြင်ရ၊မတွေ့ရသည်မှာ အချိန်အတော်ပင်ကြာနေပြီ။ ယခင်ကတော့ သူမနှင့်တွေ့ဆုံရမည်ကို ကြောက်လန့်မိသော်လည်း ယခုနောက်ပိုင်းဖြစ်ပျက်‌နေသော ပြဿနာများနှင့် ပတ်သက်၍တော့ သူမကို ကျွန်တော် မြင်တွေ့ချင်နေမိသည်။ သူမထံမှ ကျွန်တော် မသိ‌သေးသာ အကြောင်းအရာများကို သိရလိုသိရငြားပေါ့။

ထိုသိချင်သော စိတ်ကလေးကြောင့်ပင် ကျွန်တော်လည်းနိုးလာခဲ့ကာ သူမ ကို မေးလိုက်သည်။

"မဏိ....ဘယ်လိုရောက်လာတာလဲ?...မတွေ့ရတာတောင်ကြာပြီနော်.....ဘာအကူအညီတောင်းမလို့လဲ?...."

မဏိက ကျွန်တော့်အား နှုတ်ခမ်းလေးများ အပေါ်သို့‌‌ ကော့တက်သွားရုံ ပြုံးပြပြီး
"နင်မှမသိတာ...ငါကတစ်ချိန်လုံးနင်တို့နဲ့..အတူရှိနေတာပါ...."

"ဟင်!...ဟုတ်လို့လား?...ဒါဆိုငါဘာလို့..နင့်ကိုမမြင်ရတာလဲ?...."

သူမ နောက်ထပ်တစ်ကြိမ် အပြုံးတစ်ပွင့်ကို နှုတ်ခမ်းထက်တွင် ပုံဖော်လိုက်ပြီးနောက်မှ
"မမြင်ရဆို..နင့်လည်ပင်းနဲ့လက်တွေက..ပစ္စည်းတွေကြောင့်ပေါ့.!......."

သူမ ထိုသို့ပြောကာမှ ကျွန်တော်သတိထားမိလိုက်သည်က ဟုတ်ပါသည်။ သူမ ကျွန်တော့်ကို ရန်မပြုစေရန် မေမေက ဘုန်းကြီးတစ်ပါးထံမှ အဆောင်ပစ္စည်းများတောင်းကာ ကျွန်တော့်ကိုဝတ်ဆင်စေခဲ့သည်။ သွားလေရာ နာရီတစ်လုံးကိုသာ အမြဲဝတ်ဆင်တတ်သော ကျွန်တော်က တစ်ခါတစ်ရံအဆောင်ပစ္စည်းကို လက်တွင် ဝတ်ဆင်ရန်မေ့နေတတ်သည်။ ကျွန်တော့်လက်တွင် ထိုအဆောင်ပစ္စည်းလေးမရှိပါက သူမ ပြောသောအသံများကို ကျွန်တော်ကြားရသည်။ သို့သော် သူမ ကိုမမြင်ရချေ။ ယခုမူ သူမ ကိုကျွန်တော်မြင်နေရသည်။အကြောင်းရင်းမှာ ကျွန်တော့်လည်ပင်းတွင် အဆောင်ကြိုးလေးရှိမ‌ နေ‌၍ ဖြစ်သည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now