Extra(1)

452 25 10
                                    

#Unicode

"သားရေ....သားသား.... ဘယ်ရောက်နေလဲ?!!... "

" ဟာ ဖေချစ်!!......"

ချစ်စဖွယ်အသံလေးဖြင့် ခြံအနောက်ဘက် တောင်ကုန်းလေးထက်မှ ဘောလုံးလေးကိုင်ကာ လှုပ်လှုပ်လှုပ်လှုပ်ပြေးလာနေသော သားလေးကြောင့် ကျွန်တော့်ရင်ထဲ ပီတိအစုံတို့ ဖြာဝေသွားရသည်။ ဖြူဖြူဖွေးဖွေး လုံးလုံးကစ်ကစ်သားလေးက တစ်နေ့တစ်ခြား အရွယ်ရောက်လာသလိုခံစားရသည်။ အသက်သုံးနှစ်ပင်ပြည့်ပြီဖြစ်သော သားလေးကြောင့် ကျွန်တော့်၏အချိန်တစ်ချို့က မရေတွက်ပါဘဲနှင့် ကုန်ဆုံးခဲ့ရပြီ။

" ဖေချစ်........"

အနားရောက်မှ အသံကုန်ခြစ်ကာ အော်ပြီး ပြေးလာသော သားလေးကို ချိုင်းနှစ်ဖက်မှ ဆွဲမကာ လေပေါ်တွင် နှစ်ပတ်မျှ လှည့်ပေးလိုက်သည်။ ထိုအခါ သွားသေးသေးလေးများ ပေါ်အောင် တဟီးဟီးဖြင့် ရယ်မောကာသဘောတွေကျနေလေသည်။

" သား ထမင်းမှန်မှန်စားရဲ့လား?... ဘိုးဘိုးဘွားဘွားစကားရော နားထောင်ရဲ့လား?..."

" ဟုတ်.. ဘိုးကြီး ဘွားကြီး ဂျကားလည်း နားထောင်တယ်.... မန်မန်းလည်း များကြီးချားတယ်... ဖေချစ်ရာမယ်ဆိုလို့ သားက နေထွက်ချိန်တည်းက မျှော်နေတာ...ဖေချစ်က နောက်ကျတာ ဗျာ...."

စကားမပီတပီဖြင့် ရေပတ်မဝင်အောင်ပြောနေသော သားငယ်လေး၏ပါးကို ကျွန်တော်အားရပါးရ နမ်းပစ်လိုက်သည်။

" ဟ သားသား သနပ်ခါးတွေလူးထား‌သေးလား?... "

"ဟုတ်တယ်ရေ... စောကြီးတည်းက လူးထားတာ အခုရှိတောင်ရှိတော့ဝူး....ဘာချစ်ရို့ရဲ ဖေချစ်?.."

"မွှေးလို့ပေါ့ကွ.. သနပ်ခါးတွေက မရှိတော့ပေမယ့် အနံ့ကကျန်သေးတယ်လေ.. အဲ့ဒါကြောင့် မွှေးနေတာပေါ့...လာပါဦး..ဟိုဘက်ပါးလေး...အွန်း...မွ...."

သဘောအကျကြီးကျနေသော သားငယ်လေးကြောင့် ကျွန်တော်အမောပြေရလေသည်။

"နေဦး ဖေချစ်...ဒါချိုရင်... သားတစ်ယောက်တည်းကိုပဲ နမ်းလို့ရဘူးလေ.."

ကျွန်တော့်လက်ပေါ်တွင် ချီထားလျက်သားဖြင့်ပင် သာလိကာပေါက်လေးက စကားတွေပြောနေသေးသည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now